Beyond the masks

192 20 10
                                    

သြစ​တေးလျသည်​ လှပ၍ ရင်​သက်​ရှု​မောဖွယ်​​သော ရှု​ခင်းရှုကွက်​ ကြည့်​ရှုစရာမျိုးစုံ​ကြောင့်​ ထင်​ရှား​ကျော်​ကြားသည်​။အ​သွေးစုံသည့်​ ပန်းခြံများ၊ထူးခြားသည့်​ ပန်း​ရောင်​​ရေကန်​၊flamingosတို့၏ အသိုက်​စသည်​ဖြင့်​ ဖွယ်​ဖွယ်​ရာရာရှိ​လေသည်​။

သို့​သော်​လည်း Jiminအတွက်​​တော့ ပန်းချီဆွဲစရာစိတ်​တိုင်းကျ​လောက်​သည့်​ ဆွဲကွင်းဆွဲကွက်​မ​တွေ့​သေးသဖြင့်​ ​ခေါင်းကုတ်​​နေရ၏။

ကျောင်းဆင်းပြီဖြစ်​​သော်​လည်း အိမ်​မပြန်​​သေးဘဲ ​ကျောင်း​ပေါက်​ဝ၌ ​ဝေ့​လည်​​ဝေ့လည်​လုပ်​​နေ​သောသူ့ကို ​ကျောင်းလွှတ်​လာသည့်​ သြစ​တေးလျသူများက လမ်း​ပျောက်​​နေ​သည့်​က​လေးကိုကြည့်​သည့်​အတိုင်း ပြုံးစိစိနှင့်​ ကြင်​နာစွာကြည့်​သွားကုန်​ကြသဖြင့်​ သူ့မှာမျက်​နှာပူ​နေရသည်​။

ဒီ​နေ့လည်း သွားကြည့်​စရာ​နေရာစဉ်းစားရင်း အိမ်​မပြန်​နိုင်​ဘဲ ​ကျောင်း​ပေါက်​ဝမှာ တစ်​​နေခြင်းဖြစ်​သည်​။ဒီတစ်​လထဲတွင်​ အပြီးတင်​ရမည့်​ projectဖြစ်​​သော​ကြောင့်​လည်း ခါတိုင်းလို​ ​လေတစ်​ချွန်​ချွန်​နှင့်​ ​အေး​အေးသက်​သာလုပ်​လို့မရ။အပြစ်​အနာအဆာကင်းကာမှ ​တော်​ရာကျ​ပေမည်​။

ဟိုဟိုဒီဒီအ​တော်​ကြာကြာ ရှာ​ဖွေပြီးမှ အကြံကုန်​ ဂဠုန်ဆားချက်​သည့်​ အ​နေနှင့်​ Yuraဆီသို့ ဖုန်း​ခေါ်ရ​တော့သည်​။

ဖုန်းကလည်း ​တော်​​တော်​နှင့်​မဝင်​သဖြင့်​ စိတ်​ကိုမနည်းဆွဲဆန့်​ကာ ​စောင့်​​နေရ၏။

ဖုန်းဝင်​ပြီးချင်းချင်း သူ​တောင်ဘာမှ​မ​ပြောရ​သေးခင်​ Yuraအသံက စီကနဲ ထွက်​လာသည်​။

"​သြော်​!!!Jiminie​လေး ငါ့ကို လွမ်းလို့လား။"

ချိုချိုသာသာပဲ ပြန်​​ပြောလိုက်​ပါသည်​။

"နင့်​ကို လွမ်းရ​အောင်​ နင်​ကငါ​မွေးထားတဲ့ သုံး​ရောင်​စပ်​ ​​ကြောင်​​​လေးမို့လို့လား!"

ထိုအခါ တစ်​ဖက်​မှ ဘာတုံ့ပြန်မှုမှ မလာ​တော့ဘဲ ငြိမ်​သက်​သွားသဖြင့်​ သူစိုးရိမ်​စွာ ​မေးလိုက်​မိသည်​။

PeculiarityWhere stories live. Discover now