HE & SHE

246 13 1
                                    

Jimin Yuraကို သည်လိုကိစ္စတွေနှင့် ကင်းမည်မဟုတ်မှန်း ရိပ်ဖမ်းသံဖမ်းသိထားခဲ့သော်လည်း Taehyungကပါ ပါဝင်ပတ်သက်​လိမ့်မည်မှန်း သူမထင်ထားခဲ့သဖြင့် သူမှင်သက်စွာ ငေးနေမိသည်။

ဟိုနှစ်ယောက်ကတော့ ငြိမ်နေ‌သည့် သု့အပေါ် အာရုံမရှိဘဲ ကျည်ဆန်များ ခေတ္တရပ်သွားချိန်တွင် လှဲချထားသည့် စားပွဲနောက်၌ အလုံခြုံဆုံး နေရာယူလျက် သူတို့ လှုပ်ရှားရန် လျှပ်တပြက်အစီအစဉ်များကိုသာ သွက်သွက်လက်လက် ‌ပြောဆိုတိုင်ပင်နေကြသည်။

Yuraက သူ့သေနတ်မှ ကျည်ဆန်များကို စစ်လိုက်ပြီး ဘေးမှ ပါဝါမရှိဘဲ ဟန်ဆောင်တပ်ထားသော မျက်မှန်ကြီးကို ဖြုတ်ချိုးပစ်လိုက်သည့် Taehyungအား အမိန့်ပေးလိုသော လေသံဖြင့် ‌ပြောသည်။

"ငါဒီရှေ့ပေါက်ကို ရှင်းထားလိုက်မယ်။နင်က Jiminieကို ခေါ်ပြီး staffအခန်းကို ‌ပြေးတော့။အဲ့ဒီမှာ ဘယ်ဘက်နံရံက ထင်ထားတာထက် ပျော့တယ်။ရော့"

Jimin သူမလက်တို့၏ လားရာကို ကြည့်လိုက်တော့ သူမလွယ်လာခဲ့သော စလင်းဘက်အိတ်ထဲမှ ထုတ်လိုက်သော စတီးချောင်းလိုလို သတ္တုအတံ​လေးတစ်​ခု။ထိပ်​ပိုင်းတွင်​ အနည်းငယ်​ဖုလုံး​နေ​သော အပိုင်း​လေး ပါ​သေးသည်​။သူဒါကို ဘာပစ္စည်းမှန်း မသိ​သော်​လည်း ရာနှုန်းပြည့်​က​တော့ ​ကောင်း​သောအရာ မဟုတ်​နိုင်​ပါ​လေ။

Yuraက ထိုအရာ​လေးကို Taehyungဆီ ပစ်​​ပေး၍ သွားရန်​​မေးဆတ်​ပြသည်​။သို့​သော်​ သူ့ကို လာဆွဲ​သော Taehyung၏ လက်​ကို သူပြန်​ဆွဲထား၍ တုန်​ယင်​​နေသည့်​ကြားမှ Yuraကို စိုးရိမ်​စွာ ​မေးမိသည်​။

"နင်​တစ်​​ယောက်​တည်းဖြစ်​ပါ့မလား"

သူ့အ​မေးကို ပြန်​မ​ဖြေနိုင်​ခင်​မှာပင်​ ရုတ်​ချည်း ​သေနတ်​သံများ ပြန်​လည်​ဆူညံလာပြီး အရာဝတ္ထုများအား ကျည်​ဆန်​များ ထိုး​ဖောက်​သွားသည့်​ အသံသည်​ သူတို့နှင့်​ ပို၍ နီးကပ်​လာသည်​။တချို့တ​လေများဆို ပုန်း​နေ​သော စားပွဲနားမှ ပွတ်​ကာသီကာ ဖြတ်​သွား​သေး၏။

Yuraက ပြားပြားဝပ်​မတတ်​ ပုန်း​နေလျက်​က​ပင်​ မျက်​​မှောင်​ကြုတ်​လျက်​ စုတ်​တစ်​ချက်​ သက်​သည်​။

You've reached the end of published parts.

⏰ Last updated: Apr 24, 2020 ⏰

Add this story to your Library to get notified about new parts!

PeculiarityWhere stories live. Discover now