Ring

156 16 13
                                    

"ဆို​တော့ကာ ဘယ်​သွားကြမလဲ"

Taehyungက သူ့​ရွှေအို​ရောင်​ဆံပင်​ပွပွ​တွေကို လက်​နှင့်​ အားရပါးရထပ်​ဖွရင်း Jiminဘက်​သို့ လှည့်​ကာ ​မေးလာသည်​။

"ဟင်​....မင်းပဲ ​ကျောင်း​ပြေးမယ်​​ပြောတာ​လေ။ဘယ်​သွားမလဲ မစဉ်းစားခဲ့ဘူးလား"

"​အေး"

ပြောင်​စပ်​စပ်​ လုပ်​​နေ​သော သ​ကောင့်​သားအား Jiminထုသာ ပစ်​ချင်​​တော့သည်​။သူ့ကို အားကိုးပြီး စိတ်​ထွက်​​ပေါက်​ရှာရန်​ လာပါသည်​ဆိုမှ သူကပါ လမ်း​ပျောက်​​နေသည်​။

"အာ.....ဒီ​နေ့ melbourneမှာ tulip festival ရှိတယ်​​လေ"

သူ​ပြောမှ Jiminလည်း သတိရသည်​။

ဟုတ်​သည်​။သည်​​နေ့ Victoriaနယ်​တွင်​ Tesselaar tulipပွဲ​တော်​ရှိသည်​။တစ်​လလုံးလိုလို ထိုပွဲ​တော်​ကို ကျင်းပကြခြင်းဖြစ်​ပြီး တူရကီရိုးရာ အစားအစာများနှင့်​ တူရကီရိုးရာ လက်​​ဆောင်​ဆိုင်​များ၊အကအလှများပါ ရှိတတ်​သည်​။နိုင်​ငံတကာမှ ပန်းချစ်​သူများက တစ်​ခုတ်​တရလာ​ရောက်​လည်​ပတ်​ကြပြီး ဓာတ်​ပုံဝါသနာအိုးများအတွက်​ sight​ကောင်း​ကောင်းရတတ်​​သော ​နေရာပင်​ဖြစ်​၏။

သို့​သော်​ ထိုTulip​ပင်​​ပေါင်း ၉​သောင်းခန့်​ရှိသည့်​ ပန်းခင်းကြီးသည်​ ​ကျောင်း​ပြေးလာ​သော ​ကျောင်းသားသုံးဦးနှင့်​ လိုက်​ဖက်​မည်​မထင်​။အထူးသဖြင့်​ သူတို့​ပြောသမျှကို တစ်​ခွန်းတစ်​​လေမှ ဝင်​၍မ​ယောင်​သည့်​ သူ့​ဘေးက Electronic mediaသမားဆို ပို၍​ဝေးကွာလိမ့်​မည်​ထင်​​၏။

"ဒီ​နေ့​နောက်​ဆုံးပဲ။လာပါကွာ။တခြား​နေရာလည်း သွားစရာမရှိမယ့်​ အတူတူ​တော့ သွားကြည့်​ရ​အောင်​ပါ"

"ငါက ကိစ္စမရှိဘူး။Hyungက သွားချင်​ပါ့မလား"

Hyungမျက်​နှာကို ​မော့ကြည့်​မိ​တော့ Hyungက နူးနူးညံ့ညံ့ပြုံးပြသည်​။

"အင်း......သွားရ​အောင်​​လေ။ကိုယ်​လည်း မ​ရောက်​ဖူး​သေးဘူး"

"လူ​တော့ များမှာပဲ။မင်းတို့အဆင်​​ပြေရင်​ ငါ့အိမ်​က ကား​ခေါ်လိုက်​မယ်​​လေ"

PeculiarityWhere stories live. Discover now