Not my first

327 37 4
                                    

အတန်းရှေ့ကို ရောက်တော့ sunbaeက သူ့လက်ထဲက ဖိုင်တွဲတွေကို ပြန်ပေးပြီး နှုတ်ဆက်သည်။

"ကိုယ်သွားပြီနော်"

"ဟုတ်ကဲ့ ကောင်းကောင်းသွားနော်"

သူတို့နှစ်ယောက်ကို နောက်မှ လှမ်းကြည့်နေသော အတန်းဖော် Chloeက ပြုံးစစဖြင့် ပြောသည်။

"သူများတွေများ မနက်စောစောစီးစီးကြည်နူးစရာကောင်းလိုက်တာ၊ဖိုင်လေး ကူသယ်ပေးရတာနဲ့၊အတန်းရှေ့ထိ လိုက်ပို့ရတာနဲ့"

Yura မျက်ခုံးလေးကို သာသာပင့်၍

"နင်လည်း အားကျရင် Rayကို ခိုင်းကြည့်လိုက်လေ"

Chloeက မျက်နှာကို မဲ့ပစ်၍

"Oh god သူတော့ မလုပ်လိုက်ပါနဲ့ Yuraရယ်၊ငါက နင်တို့ အတွဲကို အားကျလွန်းလို့ပါ။နင်တို့ အရှေ့တိုင်းသားတွေက ချစ်သူအချင်းချင်း ဒီလိုပဲကြင်ကြင်နာနာ ဂရုစိုက်နေကြလား။"

Yuraက အင်း လို့ ခေါင်းငြိမ့်လိုက်တော့ သူက သြော်ဆိုပြီး သူ့နေရာသူ ဝင်ထိုင်သွားသည်။Yuraလည်း ခုံပေါ်ကို လွယ်အိတ်တင်လိုက်ပြီး ဝင်ထိုင်လိုက်ရင်း Chloeမေးသောမေးခွန်းကို တွေးမိကာ ပြုံးမိသည်။

ဒါပေါ့။သူတို့ အတွဲက Campusတစ်ခုလုံး အားကျနေရသော၊ကြည်နူးဖွယ်သောအတွဲ။ရင်ထဲက မေတ္တာကို ယုယုယယ ဖော်ပြလေ့မရှိသော ဤသြစတေးလျမြေတွင် sunbae၏ ဂရုစိုက်မှုမျိုးသည် မိန်းကလေးတိုင်း၏ အိမ်မက်လိုမျိုး။သူမဆိုသည်ကလည်း နတ်သမီးပုံပြင်ထဲက  နတ်သားလေး၏ ချစ်ခြင်းကို ခံယူရရှိသော မိန်းမပျိုလေးလို။

သို့ရာတွင် ဤဆက်ဆံရေးသည် လောကစည်းမျဉ်းများ၏ ဇာတ်ညွှန်းအတိုင်း မျက်နှာဖုံးစွပ်ကာ ကခုန်နေရသော ပြဇာတ်တစ်ပုဒ်သာ ဖြစ်သည်ကိုတော့ ကာယကံရှင် နှစ်ယောက်ကလွဲရင် ဘယ်သူမှမသိ။

——————————————————

"Jiminရေ professorမင်းကို ခေါ်နေတယ်။"

"သြော် အင်း ငါသွားလိုက်မယ်။"

အတန်းဖော်တစ်ယောက်၏ စကားအဆုံးတွင် Jiminတစ်ယောက် professor၏ ရုံးခန်းသို့ ဦးတည်ခဲ့ရသည်။သူ့အဆောင်ကိစ္စပြောဖို့ဖြစ်မည်။သူရောက်တာနှစ်ပတ်ခန့်ရှိပြီ ဖြစ်သော်လည်း ယခုယာယီအဆောင်မှာသာ နေနေရသည်။သူ့အခန်းက ရုတ်တရက် လျှပ်စစ်အခက်အခဲတစ်ခုကြောင့် ပြုပြင်နေဆဲ။professorရုံးခန်းရှေ့ရောက်တော့ တံခါးခေါက်၍ ဝင်လာလိုက်သည်။professorက သူ့ကို မြင်တော့ ကိုင်ထားသော fileကို ချ၍ သူ့ရှေ့က ထိုင်ခုံကို ညွှန်ပြသည်။

PeculiarityWhere stories live. Discover now