How

157 15 0
                                    

မနက်​ခင်းက ခါတိုင်းနှင့်​မတူ အုံ့မှိုင်း​အေးစက်​​နေသ​ယောင်​ ထင်​ရသည်​။ဆိုင်​၏မှန်​ပြတင်းမှ ဖြတ်​၍ သူ့ရင်​ဘတ်​​ပေါ်တွင်​ ပါးလျလျ​လေး ​မှေးစက်​​နေ​သော ​နေ​ရောင်​ခြည်​သည်​လည်း ခါတိုင်း​နေ့​တွေလို ​လှပ​နွေး​ထွေးမ​နေ။ပြာလဲ​သော​ကောင်းကင်​သည်​လည်း ချစ်​စရာမ​ကောင်း​။မနက်​​စော​စော လတ်​ဆတ်​လှ​သည့်​ ​လေ​ပြေလှိုင်းကို ခိုစီးကာ အုပ်​စုလိုက်​ ပျံသန်းတတ်​​သော ငှက်​တို့သည်​ သူ့အတွက်​ ဆွဲ​ဆောင်​မှုရှိ​မ​နေ​တော့။

ပြင်​ပ​လောကသည်​ မှုန်​ရီ​နေ​သော သူ့စိတ်​အား ​ဖျော်​​ဖြေမ​ပေးနိုင်​သည့်​အဆုံး သူ့​ရှေ့က စားပွဲ​ပေါ်တွင်​ သပ်​သပ်​ရပ်​ရပ်​​လေး ​နေရာယူထားသည့်​ Carnationအဖြူ​ရောင်​အိုး​လေးအား ကြည့်​လိုက်​မိသည်​။

အင်း.....သူသည်​လည်း သက်​မဲ့ထဲက သက်​မဲ့ဖြစ်​​နေခဲ့​လေသည်​။

"Jiminie မှိုင်​လိုက်​တာ။ဘာလို့ အဲ့ဒီ​လောက်​​တောင်​ မှိုင်​​နေတာလဲ"

ကြာ​တော့ သူ့ရဲ့လင်းတမှိုင်​မှိုင်​​နေ​သော ရုပ်​ကို Taehyungခမျာ သည်းမခံနိုင်​ဘူးထင်​။

"အင်း......ဒီလိုပါပဲ"

"ဘာကို ဒီလိုပါပဲလဲ။ငါမင်းနဲ့ စခင်​ကတည်းက ဒီ​လောက်​စိတ်​ဓာတ်​ကျချင်​စရာ​ကောင်းတဲ့ မျက်​နှာမျိုးမမြင်​ဖူးဘူး။မင်းဘာဖြစ်​​နေတာလဲ"

"အင်း.......ဒါမျိုး​တွေက ရှိတတ်​ပါတယ်​"

Taehyungက မျက်​နှာကို မဲ့ရွဲ့ကာ သူ့​ကော်​ဖီကို တစ်​ငုံငုံပြီး Jiminက ​ဟောက်​​တော့သည်​။

"ဒီမှာ မင်းသူငယ်​ချင်းထားတာ ဘာလုပ်​ဖို့လဲ...ဟမ်​။မင်းသူငယ်​ချင်းဖြစ်​တဲ့ ငါအရှင်​လတ်​လတ်​ကြီး ရှိ​နေရဲ့သားနဲ့ ဘာလို့ ခံစားချက်​​တွေကို မျိုသိပ်​ပြီး မင်းကိုယ်​မင်း ညှင်းဆဲ​နေဦးမှာလဲ"

Taehyungက မြုံနို​င်​လွန်း​သော သူ့ကို အားမလိုအားမရဖြစ်​​နေပုံ​ပေါ်သည်​။သူ့​အသိစိတ်​ရှိသ​လောက်​ ​တွေးကြည့်​ရမည်​ဆိုလျှင်​ သည်​ကိစ္စမျိုးသည်​ လူတိုင်းကို အသိ​​ပေးလို့မ​ကောင်းသည့်​ ရင်​မဖွင့်​သင့်​သည့်​ ကိစ္စမျိုးမဟုတ်​ပါလား။

PeculiarityWhere stories live. Discover now