သူမအား မျက်မှောင်ကြုံ့၍ ကြည့်နေသော လူသားကို မျက်တောင်တောင် မခတ်နိုင်ပဲ မော့ကြည့်နေမိသည်။လည်ပင်းကြီးလိမ်နေတာကိုလည်း သတိမထားမိတော့။
"Yura Yura"
ကြည့်နေဆဲ ကြည့်နေမြဲ။
"Yuraမရေ!!!"
"အားးးးးးး"
သူမ၏ နားဝင်ချိုလှစွာသော အော်သံလှလှကြောင့် စားသောက်နေကြသော ကျောင်းသားများ၏ အာရုံက သူမထံစုပြုံလာကြသည်။သူမကတော့ သူမရှေ့က အနှီလူပေါက်စထံမှ အကြည့်မရွှေ့နိုင်သေး။Jiminကတော့ စူးအောင့်သွားသောနားကို လက်ဖြင့် အားရပါးရပွတ်ချေနေလေသည်။
"ချီးမို့ အော်တာလား"
"နင်...နင်ကဘယ်လိုလုပ်ရောက်လာတာလဲ"
သူမမယုံနိုင်ပါ။သူနှင့် တနေ့ညကမှ Video callခေါ်ခဲ့သေးသည် မဟုတ်လား။သူ ဒီရောက်လာမည့်အကြောင်းနှင့်ပတ်သက်၍ အရိပ်အမြွက်မျှပင် မဟခဲ့။ကိုယ်ကသာ အသက်ရှူရန်ပင် မေ့လောက်အောင်စိတ်လွတ်နေသော်လည်း သူကတော့ ခပ်ပြုံးပြုံးနှင့် အေးအေးဆေးဆေးပင်။
"နင့်မေးခွန်းတွေမဖြေခင် အရင်ထိုင်ဦးမယ်လေနော်"
"မထိုင်နဲ့!!"
"နင်ကလည်းဟာ ငါညောင်းနေပြီဟ"
ပြောပြောဆိုဆို သူမဘေးသို့ ဝင်ထိုင်လိုက်ပြီး သူမဖျော်ရည်ကို စုပ်သောက်လိုက်ကာ နှာခေါင်းတချက်ရှုံ့သည်။
"Yak သရက်သီးကြီး"
ကိုယ့်မှာတော့ သူ၏ ပဉ္စလက်ဆန်ဆန် ကိုယ်ထင်ပြခြင်းကြောင့် ဆွံ့အသွားရတာတမျိုး၊လွမ်းဆွတ်ခဲ့ရတာ ကြာပြီဖြစ်သော သူ့ကြောင့် နှလုံးသားက မူမမှန်တော့တာ တစ်ကြောင်း အတွင်းကြိတ်ကာ ဂနာမငြိမ်ဖြစ်နေရသည်ကို အလွန့်အလွန်သက်တောင့်သက်သာဖြစ်နေသောသူ့အား မြင်ပြင်းကတ်လာသည်နှင့် စားပွဲပေါ်မှ မစားရသေးသော ဇွန်းကိုယူ၍ သူ့ခေါင်းလုံးလုံးပေါ် ဂွပ်ခနဲ ခေါက်ချလိုက်သည်။
"အ နာတယ် ဟ"
"အခုပြောစမ်း နင်ဘယ်လိုလုပ်ရောက်လာတာလဲဆိုတာ!!"
------------------
Yoongiရေဖြည့်ပြီး ပြန်လာတော့ သူ့နေရာတွင် ကောင်လေးတစ်ယောက်က ဝင်ထိုင်နေသည်။နောက်ကျောပေးထား၍
မျက်နှာကို မမြင်ရ။သို့သော် yuraနှင့် စကားပြောနေပုံမှာ တစိမ်းတရံတော့ ဟုတ်ဟန်မတူ။Yuraပုံစံမှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး။လောလောဆယ်ကိုယ့်နေရာမှာ သူရှိနေတော့ Yuraဘေးမှာသာ ဝင်ထိုင်ရန် ပြင်လိုက်၏။
YOU ARE READING
Peculiarity
Fanfictionသဘာဝမဆန်တဲ့ အလှတရားကို မနှစ်မြို့စရာ Sinတစ်ခုအဖြစ် သတ်မှတ်ခဲ့တဲ့သူ့အတွက်.....