Devil

157 22 18
                                    

"ဟုတ်​ပြီ......ညာဘက်​ကို နည်းနည်းတိုး။Tiger lily​တွေဘက်​ကို ​ပြောတာ။အေး....ဟုတ်​ပြီ။"

Jiminတစ်​​ယောက်​ ဆူပုတ်​တာ​တောင်​ ​ကြာကြာမဆူပုတ်​နိုင်​။Yuraခိုင်းသည့်​အတိုင်း ဘယ်​​စောင်း ညာ​စောင်း မျက်လုံးပင့်​ မျက်​ခုံးပင့်​ဆို​သော Post​ပေးခြင်းအမျိုးမျိုးနှင့်​ သူ့မျက်​နှာသည်​ သက်​​တောင့်​သက်​သာ မရှိစွာ ​ဆော့ကစား​နေရသည်​။

ဝတ်​ထားသည့်​​အ​ပေါ်​အောက်​အဖြူဝမ်းဆက်​ ​ဘောင်းဘီတိုနှင့်​ အင်္ကျီဖားယားကလည်း သူ့အတွက်​ အထူးအဆန်းလို။ဆံပင်​​စိမ်းစိမ်း​ပေါ်တွင်​တင်​ထားရ​သော ပန်းနု​ရောင်​ပန်း​ခွေ​ခွေကလည်း နဂိုကမှ ​ယောကျာ်း​လေးမဆန်​​သော ရုပ်​ရည်​ကို ပိုပြီး နူးညံ့သွား​အောင်​ လုပ်​​ပေး​နေ၏။

ဂါး.....တကယ်​ပဲ ဘာလို့ဒီလို Fairy conceptမျိုးကို ငါ့လာလုပ်​ခိုင်းရတာလဲ။

ထို့ပြင်​ မီး​မောင်းချိန်​​နေ​သောလူ​ဘေးတွင်​ Hyungကလည်း မျက်​နှာ​သေကြီးနှင့်​လှမ်းကြည့်​​နေ​သေး၏။

သူက​တော့ ဇာဖြူခပ်​ပါးပါးလွှားထား​သော အင်္ကျီခါးရှည်​ကို ခါးနားတွင်​ ကြိုးရှည်​ချည်​၍ အဖြူ​ရောင်​စတိုင်​ပန်​ ​ဘောင်းဘီရှည်​နှင့်​ စတိုင်​ကျ၍​နေသည်​။နားတစ်​ဖက်​တွင်​လည်း စံပယ်​ပန်းပွင့်​ပုံစံ နားဆွဲရှည်​နှင့်​။

သူ့hyungက​တော့ တကယ်​ပဲ ဘယ်​လိုပဲ​နေ​နေ ကြည့်​​ကောင်း​နေပါသည်​။

သူတစ်​​မေ့တစ်​​မော ​ငေးကြည့်​​နေရင်းမှ ပြုံးလိုက်​မိသည်​။

"Wow.....Park jimin။ခုနက မျက်​နှာ​လေး Perfectပဲ။"

Yuraက သူ့အား လက်​မ​လေးတ​ထောင်​​ထောင်​ဖြင့်​ ချီးမွမ်းလာ​လေ​တော့ သူမ​နေတတ်​စွာ ကုပ်​ပိုးကို လက်​နှင့်​ပွတ်​လိုက်​မိသည်​။

"ကဲ ဟုတ်​ပြီ။Sunbaeဝင်​မယ်​။"

သူမ၏တက်​ကြွ​နေ​သောအသံအဆုံးတွင်​ hyungက မှင်​​သေ​သေနှင့်​ဝင်​ချလာ၏။ထို့​နောက်​ အဖွဲ့သား​တွေ ညွှန်​ပြသည့်​အတိုင်း ပန်းများပတ်​လည်​ဝိုင်း​နေသည့်​ ငှက်​​မွှေးပါးပါးခင်းထား​သော Jimin၏​ဘေးတွင်​ ဝင်​ထိုင်​လိုက်​သည်​။

PeculiarityWhere stories live. Discover now