"အင်း..ဟင်း"
Jiminဟိုတွန့်ဒီဆန့်ဖြင့် နိုးလာတော့ နေပြောက်များက ပွင့်စပြုနေသော သူ့မျက်လုံးကို လာထိုးနေသဖြင့်ရှုံ့မဲ့မိသွား၏။
အလျင်စလို ထလိုက်မိတော့ ပင်စည်ကို ကျကျနနမှီ၍ အိပ်ထားသောကြောင့် ကျောရိုးအဆစ်ကနဲ။
"အ..အ"
"နိုးလာပြီလား"
သူ့အော်သံကို ကြားတော့ မျက်နှာချင်းဆိုင် အပင်အောက်မှ Hyungက သူ့လက်ထဲက Tabletကို အကြည့်မလွဲပဲ လှမ်းမေးသည်။
သူ့ဘေးကို ကြည့်တော့ Yuraက မရှိတော့။"ဟုတ်..Yuraကော Sunbae။"
သူ့စကားအဆုံး၌ screenပေါ်ပြေးလွှားနေသော Hyung၏ လက်များရပ်တန့်သွားကာ ခေါင်းမော့လာသည်။
"အင်း...သူပြန်နှင့်ပြီ။လုပ်စရာရှိသေးလို့တဲ့။"
ဘာကြောင့်ရယ်မယ်မသိ။Hyungလေသံက ပုံမှန်ထက် အေးစက်နေသလိုပင်။မျက်နှာမှာလည်း အမှောင်ရိပ်တစ်ခုလွှမ်းနေသလို။
သူခပ်ကျုံ့ကျုံ့လေးဖြစ်သွား၏။Hyungက အမြဲချို ပြုံးရွှင်ပြနေသောသူမျိုးမဟုတ်သော်လည်း ဒီလိုပုံစံကတော့ ကျောချမ်းစရာကောင်းနေသည်လေ။
"Jimin ကိုယ်တို့သွားရအောင် ညနေစောင်းတော့မယ်။"
သူhyung၏ လိုတာထက်ပိုတည်နေသော.မျက်နှာကို ကြည့်ကာ သူခပ်ကုပ်ကုပ်ပဲ ခေါင်းညိမ့်လိုက်၏။hyungမျက်နှာမကြည်သောကြောင့် busနှင့်သာ ပြန်လိုက်ရန် စိတ်ကူးသော်လည်း လမ်းမသိသည်နှင့် ပါးစပ်ပိတ်ပြီးသာ လိုက်လာခဲ့လေသည်။
သူ့အိမ်ကို သွားသည့်လမ်းတစ်လျှောက်လည်း ဘာစကားမှ မပြော။သူ့ဘက်ကလည်း စကားမစရဲသဖြင့် ကားတစ်ခုလုံး ခြောက်ကပ်တိတ်ဆိတ်နေ၏။အတန်ကြာမှ hyungမေးခွန်းတစ်ခုမေးလာသည်။
"Jimin"
"ဟုတ်"
သူပြာပြာသလဲ ထူးလိုက်မိသည်။မွန်းကျပ်နေသော ကားလေထုထဲတွင် အသက်ရှူ စရာနေရာတစ်နေရာရသွားသလိုပင်။
"မင်းနဲ့ ကိုယ်က အတိုင်းအတာတစ်ခုထိ ရင်းနှီးနေပြီဆိုတော့ မင်းကို ကိုယ်ရေးကိုယ်တာမေးခွန်းတွေ မေးလို့ရနိုင်မလား"
YOU ARE READING
Peculiarity
Fanfictionသဘာဝမဆန်တဲ့ အလှတရားကို မနှစ်မြို့စရာ Sinတစ်ခုအဖြစ် သတ်မှတ်ခဲ့တဲ့သူ့အတွက်.....