Break

140 21 2
                                    

"​ရောက်​ပါပြီဗျာ"

Taehyungက လက်​နှစ်​ဖက်​ကို ဆန့်​တန်းကာ သူတို့၏​ရှေ့တွင်​ ရှိ​နေ​သော ပန်းခင်းကြီးကို ညွှန်​ပြလိုက်​သည်​။Jiminမျက်​လုံး​လေးများက ​ရောင်​စုံပန်းခင်း​ကြီးအား မြင်​လိုက်​​တော့ သက်​တန့်​​ရောင်​​လေးပင်​ ​ပြေးသွား​လေသည်​။

ပါးစပ်​က​လည်း ကစားကွင်းကို ​ရောက်​လာ​သော က​လေး​လေးတစ်​​ယောက်​သဖွယ်​ ​ပျော်​ရွှင်​မြူးထူးစွာ ​အော်​ဟစ်​​လေသည်​။

"ဝါး...ဝါးး...မိုက်​တယ်​...ကြည့်​ပါဦး။အ​ရောင်​စုံပဲ။ဒီ​လောက်​လှတယ့်​ ပန်းခင်းကြီးကို မမြင်​ရတာ ကြာ​ပေါ့။Hyung...Hyung ကြည့်​ပါဦး"

ပျော်​ရွှင်​​ပေါ့ပါး​နေ​သောသူ့ကို ကြည့်​လျက်​ ရင်​ထဲမှာကြည်​နူး​နေ​သော Yoongiကိုပါ လက်​က အတင်းဆွဲရမ်းကာ ကြည့်​ခိုင်း​နေသဖြင့်​ Yoongiသူကိုယ်​တိုင်​ မသိလိုက်​ပါပဲ ထိုလက်​က​လေးကို ပြန်​လည်​ဆုပ်​ကိုင်​ကာ ပြုံးလိုက်​မိသည်​။

သူ့စိတ်​က တုံ့ပြန်​မှုတစ်​ခုကို လိုအပ်​​နေခဲ့သည်​ထင်​၏။လက်​​သေး​သေး​ ​ဖောင်း​ဖောင်း​လေးက တိုး၍ဆုပ်​ကိုင်​လာသ​ယောင်​ ခံစားရသည်​။သူထိုလက်​က​လေးကို ကိုင်​ကာ ပန်းခြံတစ်​ခုလုံးကို ​ဝေ့ဝိုက်​ကြည့်​လိုက်​မိသည်​။

မိသားစုများ၊ချစ်​သူများနှင့်​ ဇနီး​မောင်​နှံများ၊သူငယ်​ချင်းအုပ်​စုများက ​နေရာတိုင်းတွင်​ တရုန်းရုန်းနှင့်​ ​အ​သွေးစုံလှသည့်​ ပန်း​ခင်းကြီးနှင့်​အတူ လှပ​သောအခိုက်​အတန့်​တစ်​ခုအား အမှတ်​တရအဖြစ်​ ဖန်​တီးနိုင်​ရန်​ ကြိုးစား​နေ​လေသည်​။ပန်းခင်းကြီး၏အလယ်​တွင်​ ကြိုကြားကြိုကြား ခြားထားသည့်​ ​မြေညိုညိုလမ်းကျဉ်း​လေးများတွင်​ ထိုင်​၍တစ်​ခါ ထ၍တစ်​ဖုံ ကိုယ်​ဟန်​အမျိုးမျိုးပြကာ ဓာတ်​ပုံ​တွေ တစ်​ဖျတ်​ဖျတ်​ ရိုက်​ကြသည်​။တစ်​​ယောက်​တည်း Selfieဆွဲမလား၊အုပ်​စုလိုက်​ရိုက်​မလား အမျိုးမျိုးအဖုံဖုံ။

မည်​ကဲ့သို့​သော မှတ်​တမ်းမှတ်​ရာမှ မတင်​ပဲ ပန်းခင်းကြီး၏အလှကို လှည့်​ပတ်​ခံစား၍ မှတ်​ဉာဏ်​ထဲ၌သာ သိမ်းဆည်းရန်​ ရည်​ရွယ်​သူများလည်း ရှိ​ပေ၏။တစ်​​ယောက်​လက်​ တစ်​​ယောက်​ဆွဲကာ ချစ်​ခင်​သူများနှင့်​ စကားစမြည်​​ပြောရင်း ပန်းခင်ကြီးအလယ်​တွင်​ ​အေး​အေး​ဆေး​ဆေးလမ်း​လျှောက်​ကြသည်​။

PeculiarityWhere stories live. Discover now