Part - 3

5.2K 610 57
                                    

Part - 3

အိမ်ရှေ့မှာ ရပ်နေရင်း ခြံတံခါးကိုကြည့်လိုက် ဝင်ရကောင်းမလားတွေးလိုက် ပြန်လှည့်သွားလိုက်နှင့် ဗျာများနေသော ကောင်လေးတစ်ယောက်ရှိသည် ။ ခနအကြာ ထိုခြံရှေ့မှာ ငုတ်တုတ်လေးထိုင်ရင်း Sehunnie နှုတ်ခမ်းကို ဆူထားမိသည် ။ ကိုကြီးအိမ်ထဲကို ဝင်ဖို့  ဘာလို့ ဒီလောက်ကြောက်နေရတာလဲ မတွေးတတ် ။

ဒီနေ့မနက် အိပ်ရာကနိုးသည်နဲ့ ကိုကြီးတို့ အိမ်ကို သွားချင်စိတ်က ပေါ်လာသည်မို့  မနက်စာစားပြီးတည်းက ဖင်တကြွကြွဖြင့် ဒီခြံရှေ့ရောက်လာတာ ခုဆို ၁၅ မိနစ်လောက်တောင် ရှိတော့မယ် ။

Sehun တွေးနေတုန်း ခြံတံခါးပွင့်သွားတဲ့အသံ ကြားလိုက်ရသည့်အခါ လန့် ပြီးငုတ်တုတ်ထိုင်နေရာမှ ထရပ်မိသည် ။

"  ဆယ်ဟွန်းနီး အိမ်ထဲမဝင်လာဘဲ ဘာလို့ ခြံရှေ့မှာ ထိုင်နေတာလဲ "

Luhan ရဲ့ မားမားက ခြံတံခါးကို ကိုင်ထားရင်း မေးလာသည် ။

"  အပြင်မှာအေးတယ် လာ မြန်မြန် "

လက်ကိုဆွဲကာ ခြံထဲကို ခေါ်သွားသည်မို့  Sehun အလိုက်သင့်ပါသွားရတော့သည် ။

"  မနက်စာ စားခဲ့ပြီလား ဟွန်းနီး "

"  ဟုတ်ကဲ့ သားသား စားခဲ့ပြီဗျ "

"  ဒါဆို ဒါလေးသောက် "

လက်ထဲကို ထည့်ပေးလာသော လတ်ဆတ်သည့် စပျစ်သီးဖျော်ရည် ။ Sehun တစ်ငုံသောက်လိုက်ရင်း ဟိုကြည့်ဒီကြည့်ဖြင့် မျက်စိကစားနေသည် ။ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်တာကြောင့် သူတို့ အိမ်နှင့် ကွာခြားလှသော အပြင်အဆင် အသုံးအဆောင်ကို Sehun လိုက်ကြည့်ဖြစ်သည် ။

"  ကိုကြီးရောဟင် "

"  မင်း ကိုကြီးက အိတ်ပုတ်ကြီးတယ် သားရေ … ခုထိ မထသေးဘူး "

"  ဟုတ်လား "

"  သား သွားကြည့်ချင်ရင် သွားလေ … ခုချိန်သွားရင်တော့ ပါးစပ်ကနေစီးကျနေတဲ့ မင်းကိုကြီးရဲ့ သွားရည်တွေကို မြင်ရလိမ့်မယ် "

"  ခစ်ခစ် … ခစ်ခစ် "

ပါးစပ်လေးကို ပိတ်ကာ ရယ်နေသည့် Sehun ကို Luhan့  မားမားက သဘောကျကာ ကော်ဖီဖျော်လက်စ ရေနွေးဘူးကို လက်ထဲကချရင်း ပါးကိုလာဆွဲသည် ။

ချစ်သော ... ဟွန်း ( Completed ) Where stories live. Discover now