Part - 7

4.3K 571 45
                                    

Part - 7

~~ ကလင် ကလင် ~~

အိမ်ရှေ့မှ ဘဲလ်သံကြောင့် လက်ထဲမှာကိုင်ထားတဲ့ cheese ပေါင်မုန့် ကိုပါးစပ်ထဲအတင်းထိုးထည့်ရင်း ကျွန်တော်အိမ်ရှေ့ကို ပြေးထွက်လာခဲ့သည် ။ ကျောပိုးအိတ်ကို ဘေးတစ်စောင်းလွယ်ထားသော ဟွန်းက စက်ဘီးပေါ်မှာ အခန့် သားစတိုင်ကျကျ ခွထားရင်း ကျွန်တော့ကို ပြုံးပြလေသည် ။

ငယ်ငယ်တုန်းက ပြောထားဖူးတဲ့စကားအတိုင်း ဟွန်းသည် ကျွန်တော့ကိုစက်ဘီးပေါ်တင်နင်းနိုင်ပြီဖြစ်တဲ့ လူပျိုပေါက်လေးတစ်ယောက်တောင် ဖြစ်လို့ နေခဲ့ပြီ ။ အချိန်သည် သူ့ ဘာသာပင် တရွေ့ရွေ့ပုံမှန် သွားနေသော်လည်း ကျွန်တော်ကတော့ အချိန်ကုန်တာ မြန်သည်ဟုပင် ထင်မိသည် ။

တကယ်မြန်တယ်မဟုတ်လား ? ဟွန်းပင် အထက်တန်းပထမနှစ်တက်နေခဲ့ပြီ ။ ကျွန်တော်သည်လည်း တက္ကသိုလ်ကျောင်းသားပင် ဖြစ်နေပြီလေ ။  ဒီနေ့ကတော့ အထူးတလည်ပင် ။  ကျောင်းမှာအရင်က သူငယ်ချင်းတွေ ဆရာဆရာမတွေကို နှုတ်ဆက်ဖို့ ချိန်းထားကြသည်မို့  ဟွန်းကိုညက လာခေါ်ဖို့ မှာထားရတာဖြစ်သည် ။

"  ဒီလောက်အေးနေတာကို လည်ပင်းကကြယ်သီးဖြုတ်ထားရလား ။ ဒါ … ဒါကရော ဘာလဲ ။ အနွေးထည်ကလည်း ပါးပါးလေး … ဟွန်း မင်းကလေ … တကယ် "

"  ကိုကြီးကလည်း ပွစိပွစိနဲ့ မိန်းမကြီးနဲ့ တူတယ်ပြောရင် ရှုးရှုးရှဲရှဲဖြစ်ဦးမယ် ။ ရောက်တာနဲ့ဗျာ နားကိုညီးနေတာပဲ "

သူ့ ကိုစောင်းကြည့်ရင်း လက်တွေကလဲ နှစ်လုံးလောက်ပြုတ်နေတဲ့ ရင်ဘတ်ကကြယ်သီးတွေကို တပ်ပေးလိုက်ရသည် ။ ဒါတောင် တစ်လုံးလောက် ထပ်ဖြုတ်နေတာမို့  ဖြုတ်နေတဲ့လက်ကို ရိုက်ခဲ့ရသေးသည် ။ ရင်ဘတ်ဟပြဲကြီးများ လှတယ်လို့ သူတို့ ကို ဘယ်သူကပြောလို့ လဲ ။ တကယ်ပါဗျာ အခုခေတ်ကလေးတွေ မနိုင်ဘူး ။

"  ဘယ်မှာချိန်းထားတာလဲ ကျွန်တော်လိုက်ပို့ ပေးမယ်လေ "

ငယ်ငယ်တုန်းက သားသား သားသား နဲ့ သူ့ ကိုယ်သူ ရည်ညွှန်းပြောခဲ့တဲ့ ကောင်လေးဟာ အခုတော့ဖြင့် ကျွန်တော်ဆိုတဲ့ အသုံးနဲ့ ရင်းနှီးနေခဲ့ပြီ ။

ချစ်သော ... ဟွန်း ( Completed ) Where stories live. Discover now