Part - 13

4K 546 69
                                    

ခြံရှေ့တွင် လူတစ်ယောက် ငုတ်တုတ်ထိုင်နေတာကို Luhan အဝေးကနေလာနေတည်းက တွေ့သည် ။ သို့သော် ဘယ်သူမှန်းမသိ ။ နားနီးလေလေ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် ဖြူသွယ်သွယ်ကောင်လေးကို မြင်သည့်အခါ ကားမောင်းလာနေတဲ့ Luhan လက်တို့တုန်သွားကာ အရှိန်တင်မိသည်အထိ ဖြစ်သွားရသည် ။

ခြံရှေ့မှာ ကားစက်ရပ်လိုက်တာတောင် ကောင်လေးက မော့မကြည့်သေး ။ Luhan ကားပေါ်က မြန်မြန်ဆင်းကာ Sehun အရှေ့မှာ သူ့အတိုင်း ငုတ်တုတ်ကလေး ထိုင်ချလိုက်သည် ။

" ဟွန်း .... "

မော့ကြည့်လာသော Sehun မျက်ဝန်းတွေက နီရဲနေသလို မျက်ရည်စတွေလဲ တွဲခိုနေသေးသည် ။ သူ့ကိုမြင်တော့ အံ့ဩစွာ ကြည့်လာတဲ့ပုံလေးက ရင်ထဲအတိုင်းမသိ ပျော်ရွှင်မှုကိုပေးသည် ။

" ကိုကြီး ... "

ဟု ခေါ်တာ Luhan ပုခုံးကို ထိုင်ရက်ကနေ ဖက်လိုက်တာမို့ Luhan ပင် ဖင်ထိုင်ရက်လေး ကျသွားရသည် ။ သူကတော့ ဒူးထောက်ရက်သားနဲ့ Luhan လည်ပင်းတို့ကို တင်းကြပ်စွာ တိုး၍ဖက်ထားလေသည် ။ မျက်ရည်တွေကလဲ မတိတ်သေးခဲ့ပါ ။

" တိတ် တိတ် .. ဘာလို့ ဒီလောက်ငိုနေတာလဲ ဟွန်းရာ "

Sehun ၏ နောက်ကျောကို အသာပုတ်ပေးကာ Luhan ဖျောင်းဖျမိသည် ။ သို့သော် လည်ပင်းကိုဖက်ထားတဲ့ Sehun ရဲ့ လက်တွေက ပိုမိုတင်းကြပ်သွားသလို Luhan့  လည်ကုတ်ပေါ်သို့လဲ မျက်ရည်စက်တွေက အဆက်မပြတ်ကျနေသည် ။

" မ သွား ပါနဲ့ .... "

" အင်း .. အင်း .. ကိုကြီး ဘယ်မှမသွားဘူး .. ဒီမှာရှိတယ်နော် ... "

သူ့ကိုဖက်ထားတဲ့ Sehun လက်တွေကို ဖယ်ကြည့်ပေမဲ့ မရပေ ။ ဒီကောင်လေး ဘာတွေဖြစ်နေလဲ Luhan အခုထိမသိရသေး ။ အရွယ်ရောက်လာတည်းက ငိုတာရှားသွားတဲ့ ဒီကောင်လေးကို ဘယ်အရာကများ ဝမ်းနည်းတကြီး ဖြစ်စေရတာလဲ ။ Luhan တွေးရင်းပင် ရင်တွေပူလာရတယ် ။

" ဟွန်း .. တခုခုဖြစ်လို့လား ။ ကိုကြီးကို ပြောပါဦး ... ဘာလို့ဒီလောက် ငိုနေရတာလဲ ။ ကိုကြီး စိတ်ပူလာပြီလေကွာ "

" ...... "

" ဟွန်း ...... "

" ကိုကြီး ... ထွက်.. သွား .. ပီ .. ထင်နေတာ .. "

ချစ်သော ... ဟွန်း ( Completed ) Where stories live. Discover now