Part - 5

4.5K 541 24
                                    

Part - 5

" သားရေ သဘက်ခါဆို ကျောင်းပြန်ဖွင့်ပြီ မဟုတ်လား "

"  ဟုတ်တယ် မား "

"  ဘာလိုလိုနဲ့ ငါ့သားတောင် အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်နေပြီပဲ "

မားက ထမင်းစားနေတဲ့ ကျွန်တော်ခေါင်းကဆံပင်များကို ဖွပြီး ပြောလာသည် ။ ကျွန်တော်ခေါင်းကို ရှောင်လိုက်ကာ မားကို လျှာထုတ်ပြောင်ပြလိုက်သည် ။

"  ကျွန်တော် အထက်တန်းကျောင်းသားတောင် ဖြစ်ပြီဆိုရင် မားကျွန်တော့ကို ကလေးလို မဆက်ဆံသင့်တော့ဘူးလေဗျာ "

"  အမလေးဟယ် ။ နင့်ဘာသာနင် ဘယ်လောက်ကြီးကြီး သေးတဲ့နေရာက သေးတာပဲ … "

"   ဟာဗျာ မားရာ ။ ဘာတွေပြောနေတာလဲ "

"  ဘာတုန်း ငါက လူကောင်ကိုပြောနေတာလေ ။ နင် ဒီအရပ်ကနေ တက်လာလို့ လား ငါ့ပြောစမ်း ။ ဟွန်းနီးလေးတောင် အရပ်လေးရှည်လာသေးတယ် "

"  ဟွန်းက အခုမှကလေးပဲရှိသေးတာ သူအရပ်ရှည်တာ မဆန်းဘူး လေဗျာ ။ နောက်လည်း ရှည်လာဦးမှာပဲကို ။ ဒါနဲ့ ဟွန်းဆိုလို့  အဲ့ကလေးကျောင်းတက်ဖို့ ကိစ္စသွားပြောရဦးမယ် "

စားပွဲပေါ်ချထားတဲ့ ကော်ဖီကို တစ်ကျိုက်တည်း မော့ပစ်လိုက်ရင်း ကျွန်တော်ထိုင်နေရာမှ အမြန်ထမိသည် ။ နောက်ပြီး မားကို ရယ်ကြဲကြဲဖြင့်ကြည့်ကာ လက်လေးဖြန့် ပေးမိတော့ မားက နှာခေါင်းရှုံ့လို့  မသိချင်ယောင်ဆောင်ကာ လှည့်ထွက်သွားလေသည် ။

"  မားကလည်း ပေးပါဗျာ ။ ဟွန်းကို ရေခဲမုန့် ဝယ်ကျွေးချင်လို့ ပါ လို့  နော် .. နော် "

အ !

"  နင့်ကိုနင် ကလေးများမှတ်နေလား ငါ့ကို လာချွှဲရအောင် ။ သွား ပိုက်ဆံအိတ်ထဲကယူသွား ။ ဟွန်းနီး စားချင်တာဝယ်ကျွေးလိုက် "

မား ခေါက်လိုက်လို့ နာသွားရတဲ့ ခေါင်းကို ဖိချေရင်း စပ်ဖြီးဖြီးနဲ့ ကျွန်တော် အိမ်ထဲကထွက်လာခဲ့တယ် ။ မားရဲ့ပိုက်ဆံအိတ်ထဲက နှိုက်လာတဲ့ ပိုက်ဆံလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်းဖြင့် ။

ချစ်သော ... ဟွန်း ( Completed ) Where stories live. Discover now