" ကိုကြီး ... ဂိမ်းဆော့ကြစို့ "
ဖုန်းဆက်ပြီး ပြောသည်က ထိုတစ်ကြောင်းသာ ။ ဒီရက်ပိုင်း သူတို့နှစ်ယောက် online game ဖြစ်တဲ့ PUBG ကို ဆော့ဖြစ်ကြသည် ။ အစပိုင်းက နှစ်ယောက်တည်း ဆော့ပေမဲ့ အခုတလောပိုင်း တခြား member ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက် အသစ်နှစ်ယောက် တိုးလာသည် ။
ပြဿနာက ဒီမှာစတင်သည် ။
" Luhan က ဘယ်နှနှစ်ရှိပြီလဲ "
" ကျွန်တော် တက္ကသိုလ်တက်နေပြီဗျ "
" ဟုတ်လား .. ကျွန်မလဲ တက္ကသိုလ်ပဲ ... ဘယ်ကျောင်းမှာတက်တာလဲ "
စစချင်းဆို ကိုယ့် team ထဲက လူအချင်းချင်း မိတ်ဆက်တာတွေ လုပ်ကြတော့ တဖက်ကမေး၍ Luhan အလိုက်သင့်ဖြေပေးရသည် ။
" Sehun ကရော "
" ကျောင်းတက်တုန်း "
တုံးတိဖြေချလိုက်သော Sehun အသံ ။ Luhan ရယ်လိုက်ရသည် ။ ဒီကောင်လေးက အဲ့လိုပဲ သူ game ကစားရင် အာရုံလာနောက်တာ မကြိုက်ဘူး ။
" ဒါဆို Luhan က စီးပွားရေးပဲ တက်တာပေါ့ .. အဆိုတော်မလုပ်ဘူးလား ။ Luhan အသံက ချိုချိုလေး .. သီချင်းဆိုရင် နားထောင်လို့ကောင်းမှာ "
" အာ .. မဟုတ်တာ ။ ကျွန်တော်သီချင်းမဆိုတတ်ဘူးဗျ "
ရုတ်တရက် group ထဲက ပျောက်သွားသော ဟွန်း ကာရိုက်တာကောင်လေး ။ ဟင် .. ဟွန်းက ဘာမှမပြောဘဲ ဆင်းသွားပြီလား ။
Luhan လည်း လိုင်းမြန်မြန်ပိတ်ကာ Sehun ဆီ ဖုန်းဆက်ရသည် ။ ပထမတခါဆက်သည် မကိုင်ပေ ။ ဒုတိယတခါကျ ဖုန်းချပစ်သည် ။
Luhan မျက်ခုံးတွေ ပင့်သွားရသည်အထိ ကြောင်အနေမိတုန်း ။ အခုနကထိ အကောင်းကြီးပါ ။ ရုတ်တရက်ကြီး ဘာဖြစ် .... အဲ .... သွားပြီ ။
Game ကစားနေတဲ့ တချိန်လုံး အသံပိတ်နေသော Sehun ကို တွေးမိတော့မှ Luhan နှုတ်ခမ်းကို ကိုက်မိကာ လန့်သွားတော့သည် ။
Luhan ဖုန်းကို အဆက်မပြတ်ခေါ်နေသော်လည်း လူကြီးမင်းနှင့် တိုးသည် ။ Sehun အိမ် ချက်ချင်းလိုက်သွားချင်သော်လည်း အချိန်သည်ကား ၉နာရီကျော်နေပြီမို့ သွားလို့ကလည်း မဖြစ် ။