" ဟုတ်ကဲ့ hyung . . "
" ...... "
" ဟုတ်ကဲ့ . . ကျွန်တော်သေချာကြည့်ထားပါ့မယ် .. "
" ....... "
" စိတ်မပူပါနဲ့ ဒီကောင် ကလေးမဟုတ်တော့ပါဘူး hyung ရာ .. "
" ...... "
" ဟုတ်ကဲ့ပါ "
တဖက်က ဖုန်းချသွားသည့်အခါ Baekhyun အိပ်ရာပေါ်ကနေ နားစွင့်နေတဲ့ Sehun ကို မသိမသာခိုးရယ်လိုက်ရင်း ဘာမှမပြောဘဲ နေလိုက်သည် ။
" ဘယ်သူဆက်တာလဲ "
" Luhan hyung "
" ဘာတဲ့လဲ "
" မင်းဆီဖုန်းဆက်တာမရလို့တဲ့ .. ငါ့ဆီလာမယ်ထင်လို့ ဖုန်းဆက်မေးတာ .. မင်း နေမကောင်းလို့ သေချာဂရုစိုက်ဖို့မှာနေတာ .. ဘာမှလဲ မစားရသေးဘူးတဲ့ "
" ဟင်းးးးး "
Sehun သက်ပြင်းချလိုက်မိသည် ။ ကိုကြီးကို မုန်းသွားတာမျိုး မဟုတ်ပေမဲ့လည်း ဘာလို့စိတ်ထဲလေးသလိုဖြစ်နေရတာလဲ ။ ပြီးတော့ သူသဘောမကျတဲ့ ဟိုသဘောနဲ့ချစ်နေတယ်ထားဦး သူ့ကို ကိုကြီးဂရုစိုက်ပေးခဲ့တာတွေက ရိုးသားတာမှန်းသိလို့ သူအရင်က မရိပ်မိခဲ့တာပဲလေ ။ ဒါကိုဘာလို့ အရူးထပြီး မရိုးမသားစိတ်နဲ့ ကြည့်နေတာတွေ သွားပြောခဲ့မိတာလဲ ။
Sehun သူ့ကိုယ်သူ တိုးတိုးကျိန်ဆဲမိလိုက်သည် ။ ကိုကြီးရဲ့အချစ်ဆိုတာကြီးကို သူလက်မခံနိုင်ပေမဲ့ ကိုကြီးရဲ့ စေတနာကို စော်ကားမိသွားသလို ဖြစ်ခဲ့တာကို တကယ်နောင်တရချင်နေသည် ။
" ငါ မင်းကိုအရင်တခါပြောခဲ့သလိုပဲ မင်းရဲ့စိတ်ကို တစ်ထစ်လောက် လျှော့ကြည့်ပါလား .. ဘယ်သူပြောနိုင်မလဲ မင်းလည်း Luhan hyung ကို ချစ်ရင်လဲ ချစ်နေနိုင်တာပဲ "
" မဖြစ်နိုင်တာတွေ .. ငါ့မှာအဲ့လို ဘယ်တော့မှဖြစ်မလာနိုင်ဘူး "
" အဓိကက မင်းရဲ့စိတ်ကို အဲ့လိုပုံသွင်းနေလို့ မင်းစိတ်ကိုမင်း မမြင်နိုင်တာပဲလို့ ငါထင်တယ် .. ငါပြောသလို နည်းနည်းလေ .. ဒီလောက်သေးသေးလေးပဲ လျှော့ကြည့် မင်းအဖြေရလာလိမ့်မယ် "
Baekhyun က သူ့ရဲ့လက်သန်းတစ်ဆစ်လေးနဲ့ သေးသေးကလေး လုပ်ပြကာ ပြောသည် ။ Sehun နည်းနည်းတော့ တွေဝေသွားသလိုပဲ ။ Baekhyun ပြောသလို သူလုပ်ကြည့်သင့်မလား ။ ဒါပေမဲ့ ဘယ်ကနေ စလုပ်ရမလဲ ။