ဟိုလေ ဒီ fic ကိုလေ " ချစ်သော ကလေး " ကနေ " ချစ်သော ဟွန်း " လို့ ပြန်ပြောင်းထားပါတယ်နော် 😁
ဒီနာမည်နဲ့က ပိုလိုက်မယ်ထင်လို့ပါ 😁❤**********
Part - 4
" ကိုကြီး ထတော့ "
ရင်ခေါင်းနားထိရောက်နေတဲ့ ကျွန်တော့စောင်ကို ဆွဲဖဟ်လို့  ကောင်လေးကဂျစ်နေပြန်သည် ။
" ဟွန်း … ကိုကြီး မထချင်သေးဘူးကွာ "
သူဆွဲဖယ်သွားတဲ့ စောင်ကိုခေါင်းထိဆွဲခြုံလိုက်တော့ စောင်အပေါ်ကနေ ရင်ဘတ်ပေါ်ကို သူ့ လက်သေးသေးလေးတွေနဲ့ ထုလာသည် ။ ဘယ်နာမလဲ လက်သေးသေးတွေနဲ့ဟာကို ။ ပန်းနဲ့ပေါက်ရုံလောက်သာသာ ။
ဟိုတစ်လောက ကျွန်တော့ကို သွားရည်တွေနဲ့ မနက်အိပ်ရာထတဲ့ပုံကို မကြည့်ချင်ဘူးပြောလို့  စိတ်ကောက်ပြလိုက်ထဲက မနက်တိုင်းကို ရောက်ချလာပြီး ဒီလိုနှိုးနေတာ ၄ရက်လောက်ပင်မရှိလေပြီ ။
ကလေးတွေက မနက်အစောကြီး ထတတ်တာ သိပေမဲ့ ကျွန်တော်က ကလေးမဟုတ်တော့ဘူးလေ ။ ခုဆိုအထက်တန်းကျောင်းတောင် တက်ရတော့မည့်အရွယ်ပဲရောက်နေပြီ ။ ပြီးတော့ ကျောင်းပိတ်ထားတော့ ကျွန်တော်အေးဆေးအိပ်ချင်တာပေါ့ဗျာ ။ ဒါပေမဲ့လည်း မရပါဘူး ။ ကိုစိတ်တိုလေးကို ကျွန်တော့မှ မနိုင်တာ ။ အရှုံးပေးရပြန်တာပေါ့ ။
" ကိုကြီး … ကိုကြီးလို့  ! ခုထပါဆို "
ကျွန်တော့စောင်ကို အတင်းဆွဲယူသည် ။ ကျွန်တော်ကလည်း ယုတ်သည် ။ နိုးနေပီဆိုပေမဲ့ စောင်ထဲကနေ ပါးစပ်ကြီးဖြီးပြီး ပြန်ဆွဲထားတာ လုံးဝမလွှတ်ပေးဘူး ။
" အခု မထရင် ကိုကြီးကို သားသား မခေါ်တော့ဘူး ။ ပြန်တော့မယ် "
ဆူပုတ်ကလေးက လေသံကိုက ပြောင်းသွားကာ စောင်ကိုဆက်မဆွဲတော့ဘဲ ငြိမ်သွားသည်မို့  တကယ်များပြန်သွားတာလားလို့  စောင်ပုံထဲကနေ ချောင်းကြည့်မိတော့ တကယ်ကိုမရှိတော့ ။ ကျွန်တော် မြန်မြန်ကုန်းထလိုက်ရင်း ကုတင်ပေါ်က ဆင်းဖို့ လုပ်တော့
" ဝါးးး "
ဟု အော်ရင်း လက်နှစ်ဖက်စလုံးက လက်ချောင်းတွေကို ကွေးကောက်ကာ သရဲခြောက်သလို ကျွန်တော့ကိုလှန့် လာသည် ။