Part - 10
စိမ်းစိုနေတဲ့ မြက်ခင်းပြင်ကျယ်ထဲမှာ Sehun နဲ့ ကိုကြီးတို့ နှစ်ယောက် အတူလှဲအိပ်နေကြသည် ။ အုံ့ မှိုင်းနေတဲ့ ရာသီဥတုကြောင့် ချမ်းစိမ့်စိမ့်ဖြစ်နေသော်လည်း Sehun ၏ လက်ထဲတွင်ရှိနေသော ကိုကြီးလက်တစ်ဖက်ကြောင့် နွေးထွေးနေသလို ခံစားရသည် ။
ဒီခံစားချက်ကို Sehun သိပ်နှစ်သက်သည် ။ ကိုကြီးသည် Sehun အနားတွင် အမြဲရှိနေသောခံစားချက်သည် ဘာနှင့်မှလဲလို့ မရလောက်အောင် Sehun အတွက် ပြီးပြည့်စုံနေသည် ။
မိုးကောင်းကင်ကို ပြိုင်တူကြည့်နေရာမှ ကိုကြီးက Sehun ဘက်ကို မျက်နှာလှည့်လာသည်ကို မျက်ထောင့်ကနေ Sehun သိလိုက်ရသည် ။ Sehun မျက်နှာကို ကြည့်နေသော ကိုကြီး၏မျက်ဝန်းတို့ သည် အချစ်များပြည့်နှက်နေသော အကြည့်မျိုးဖြစ်သည် ။
ထိုအချိန်တွင် နှစ်ယောက်သားပြိုင်တူ ပြုံးမိကြလေသည် ။
" ဟွန်းလက်လေးတွေက နူးညံ့နေတာပဲ "
ကိုကြီးက ဆုပ်ကိုင်ထားသော Sehun လက်တစ်ဖက်ကို ညှစ်ကာပြောသည် ။
" ပါးလေးတွေကရော နူးညံ့နေလား ကြည့်ရအောင် "
ရုတ်ချည်းပါးနှစ်ဖက်ဆီရောက်လာသော ကိုကြီးလက်နှစ်ဖက်ကြောင့် Sehun လန့် သွားမိသော်လည်း ခနရယ်ပါ ။ နှုတ်ခမ်းတွေက ပြုံးလာပြီး ကိုကြီးကိုစိုက်ကြည့်နေသည် ။ ကိုကြီးရဲ့ မျက်နှာ တဖြည်းဖြည်းငုံ့ လာတဲ့အခါမှာတော့ Sehun မျက်လုံးနှစ်ဖက်ကို တင်းတင်းမှိတ်ထားမိလိုက်သည် ။
ခနလေးအတွင်းမှာပဲ ညာဖက်ပါးဆီသို့ ထိကပ်လာတဲ့ နှုတ်ခမ်းတစ်စုံ ။
" ဟွန်း ပါးလေးတွေက အိစက်နေတာပဲ "
မျက်လုံးဖွင့်လိုက်သည့်အခါ ငုံ့ မိုးကြည့်နေသော ကိုကြီးအကြည့်တို့ နဲ့ ရင်ဆိုင်လိုက်ရသည် ။ ကိုကြီးက Sehun ကို ရီဝေစွာ ကြည့်နေရင်းမှ မျက်လုံးတို့ က နီရဲနေသော Sehun နှုတ်ခမ်းတို့ ထက် ရောက်ရှိသွားလေသည် ။
အခြေအနေကို ရိပ်မိသွားတဲ့ Sehun သည်လည်း စိတ်လှုပ်ရှားမှုနဲ့အတူ အသက်ရှုသံတွေပါ ပြင်းထန်လာသည် ။