ဒီနေ့မနက်အစောပိုင်း အတန်းချိန်စာမေးပွဲရှိသည်မို့ Sehun အိမ်ကနေ အလောတကြီးထွက်လာတာ ဘာမှမစားခဲ့ရသေးပေ ။ ကိုကြီးကိုတော့ မနေ့ညက ဖုန်းပြောတုန်းက ပြောထားတာမို့ Sehun မနက်ကျောင်းမသွားခင်တည်းက message လေး တစ်ကြောင်းက ရောက်နေပြီးသား ။
* နောက်ကျနေလို့ဆိုပြီး မနက်စာမစားဘဲ မနေနဲ့ဦးနော် *
ထိုစာလေး တွေ့တုန်းက Sehun ပြုံးခဲ့မိသေးသည် ။ ဒါပေမဲ့ ကိုကြီးစကားနားမထောင်တာမဟုတ်ပေမဲ့ တကယ်ကို မနက်စာစားဖို့အချိန်က မရတော့တာ ။
" အားး ဗိုက်ဆာလိုက်တာ "
အခန်းထဲက ထွက်လာပြီး Sehun ပထမဆုံးညည်းသော စကား ။ ခြေကားလက်ကားနဲ့ ဗိုက်ကိုပွတ်ပြီး ရှုံ့ မဲ့နေတာက သူ့အရပ်နဲ့မှမလိုက် ဟူ၍ Baekhyun တီးတိုးရေရွတ်လိုက်မိသည် ။ အင်း ... ဒါပေမဲ့ ဒီကောင်က မဆိုသလောက်လေးတော့ ချစ်ဖို့ကောင်းတယ် ။
" ကန်တင်းမြန်မြန်သွားရအောင်ကွာ "
Baekhyun ကိုပင်မစောင့် အရှေ့ကနေ ခပ်သွက်သွက်သွားနေသော Sehun ရှေ့သို့ ကောင်မလေးတစ်ယောက်က ပိတ်ရပ်လာသည် ။
မရဲတရဲ မခို့တခို့ဖြင့် ကောင်မလေးက အရင်တိုင်းပင် Sehun ရှေ့သို့ ရောက်လာပြန်သည် ။
" ဗိုက်ဆာနေမလားလို့ Sehun oppa အတွက် ညီမ ကိုယ်တိုင်လုပ်လာတာပါ "
ကောင်မလေးက လက်ထဲကထမင်းဘူးလေးကို ထိုးပေးကာ ပြောသည် ။ Sehun ကောင်မလေးကို ကြည့်ကာ အငြင်သာဆုံး ပြုံးပြလိုက်လေသည် ။
" ညီမပဲ ဗိုက်ဝအောင်စားပါ ... အကိုက ကန်တင်းသွားစားမလို့  ... အကို့အတွက် ဒီလိုအချိန်ကုန်ခံပြီး လုပ်မဲ့အစား ညီမရဲ့ အရေးကြီးတဲ့သူတွေအတွက် ပိုပြီးအချိန်ပေးလိုက်ပါ .. "
ကောင်မလေးက ငိုမဲ့မဲ့လေးနဲ့ Sehun ကို ကြည့်လာသည် ။
" စိတ်မကောင်းပေမဲ့ အကို့မှာ သက်ဆိုင်သူ ရှိပြီးသားမို့ပါ "
ကောင်မလေး၏ ခေါင်းလေးကို မနာအောင်ပုတ်ကာ Sehun ထွက်လာခဲ့တော့သည် ။ သက်ဆိုင်သူ ရှိတယ်လို့ပြောတဲ့အချိန်က ခံစားချက်နဲ့ ပြောပြီးထွက်လာသည်အထိ ခံစားနေရတဲ့ ခံစားချက်က စိတ်ကိုလုံခြုံသွားစေသလိုပဲ ။