" ထွက်သွား ! ငါ့အခန်းထဲက ချက်ချင်းထွက်သွား
သွား! ! "သူ့အခန်းထဲမှကျယ်လောင်စွာအော်လိုက်တဲ့ အသံ
တစ်ခုကြောင့်ကျွန်တော် စာကြည့်ခန်းထဲတွင် လုပ်
လက်စ ကုမ္ပဏီအလုပ်တို့ကိုပစ်ချပြီး သူ့အခန်းရှိရာ
အပေါ်ထပ်သို့ အလျင်မြန်ပြေးတက်လာခဲ့မိတယ် ။" အီးဟီးဟီးး ပါးပါး အဟင့် ဟင့် အီးဟီးဟီးး "
သူ့အခန်းရှေ့နားကို ရောက်သည်နှင့် ကြားလိုက်ရတဲ့
သားရဲ့ဝမ်းနည်းစွာ အော်ငိုတဲ့ အသံကလေးကြောင့်
ကျွန်တော် သိလိုက်ရတယ် ။ဟွန်းနီ သူ့ရဲ့ အခန်းထဲကို ခိုးဝင်လာတဲ့သားကို သူ့
အခန်းထဲကနေခါးခါးသီးသီးနဲ့ နှင်ထုတ်နေပြီဆိုတာ ။" သားလေး "
" ဒယ်ဒီ အီးဟီးဟီးးး "
ကျွန်တော်ရဲ့ ခေါ်သံအဆုံး သူ့ အခန်းဝလေးတွင်
မတ်တပ်ရပ်လျက်ငိုနေသောသားမှာ ကျွန်တော်
ဘက်သို့ မျက်ရည်လေးတွေ ဝဲနေသော မျက်ဝန်း
လေးတစ်စုံဖြင့် လှည့်ကြည့်ပြီး ရှိုက်ကြီးတငင်ငိုပြီး
ကျွန်တော်ဆီကို ပြေးလာတာကြောင့် ကျွန်တော်
ကြမ်းပြင်ပေါ်ကို ဒူးထောက်ချလိုက်ကာ ပြေးလာတဲ့
သားကို ရင်ခွင်ထဲသို့ နစ်မြှုပ်သွားသည့်အထိထည့်ပြီး
ထွေးဖက်ထားလိုက်တော့တယ် ။" ဒယ်ဒီ ဟင့် အဟင့် ပါးပါး ပါးပါးက သားကို
မုန်းတယ်တဲ့ အီးဟီးဟီးးးး "" ဒယ်ဒီသားလေးက ဒီလောက်ချစ်ဖို့ကောင်းတာကို
ဘာလို့ ပါးပါးကဒယ်ဒီသားလေးကို မုန်းရက်မှာတဲ့လဲ
ပါးပါးမှာ စိတ်ရှုပ်စရာတွေရှိလို့သားကို ပြောမိပြောရာ
ပြောမိလိုက်တာနေမှာပါ တိတ် တိတ် မငိုနဲ့တော့နော်
ဒယ်ဒီသားလေးက လိမ္မာပါတယ် "ရင်ခွင်ထဲက ရှိုက်ကြီးတငင် ငိုနေသော သားရဲ့
ကျောပြင်လေးအားလက်ဖြင့် အသာပွတ်သပ်
ပေးရင်း ထုံးစံအတိုင်း သားအငိုတိတ်အောင်
ကျွန်တော် ချော့မြူရတော့တယ် ။
YOU ARE READING
|| BE IN LOVE || 「SEASON -I」《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]