တစ်နေ့ ဘတ်ခ်ဟွန်းရဲ့ အေးချမ်းတဲ့ ဘဝထဲကိုမဖိတ်ခေါ်ပဲနဲ့
လူနှစ်ယောက် ရောက်လာခဲ့တယ် ။ပတ်ရီဖန်ဆိုတဲ့ ဘတ်ခ်ဟွန်း သိပ်ချစ်ရတဲ့ ကိုကိုနဲ့ ပတ်ချန်းယောလ်
ဆိုတဲ့ ဘတ်ခ်ဟွန်း သိပ်မုန်းရတဲ့ လူနှစ်ယောက်ကြောင့် ဘတ်ခ်ဟွန်း
ရဲ့ သာယာဖို့ကောင်းတဲ့ ဘဝလေးမှာ အစိတ်အစိတ် အမွှာမွှာပင်
ပျက်ဆီးခဲ့ရသည် ။ဘတ်ခ်ဟွန်း အသက်(၅)နှစ်မှစပြီး အသက်(၁၀)နှစ်အထိ ဂျပန်တွင်
အခြေချကာနေထိုင်ခဲ့တဲ့ ဘတ်ခ်ဟွန်းတို့ မိသားစုလေး ။တစ်နေ့ ဆိုးလ်က သူ့ဖိုးဖိုးဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားသိ
လိုက်ရသည့် အချိန်မှစ၍ ဘတ်ခ်ဟွန်းတို့မိသားစုမှာ ဂျပန်မှ ရရာ
flightဖြင့် ဆိုးလ်ကို အမြန်ထွက်လာခဲ့ကြသည် ။ဆိုးလ်ကို ရောက်ရောက်ချင်းမှာပဲ ဘတ်ခ်ဟွန်း ဖိုးဖိုးရဲ့ ဈာပနကို
ဘတ်ခ်ဟွန်း အဖေက ဦးစီးဦးဆောင်လုပ်ပြီး ကျင်းပပေးခဲ့သည် ။အမေ့ဝမ်းမှ စထွက်လာသည့်အချိန်မှ အသက်(၅)နှစ်အထိ သူ့
ဖိုးဖိုးရဲ့နွေးထွေးတဲ့ရင်ခွင်ထဲတွင် ပျော်ရွင်စွာနေခဲ့သော ဘတ်ခ်ဟွန်း
သည် သူ့ဖိုးဖိုးရဲ့ဈာပနတွင် ကလေးပီပီ ဝမ်းနည်းစွာနှင့် အော်ငိုခဲ့
သည် ။ထိုစဉ် ဘတ်ခ်ဟွန်း အရှေ့တွင် ခြေစုံလာရပ်သော ပတ်ညီအစ်ကို
နှစ်ယောက်မှာ ကြမ်းပြင်ထက် ဒူးထောက်ထိုင်လျက် ငိုနေသော
ဘတ်ခ်ဟွန်းကို လက်လေးတွေ တစ်ဖက်စီ ဆန့်ထုတ်ပြီး ကမ်းပေး
လိုက်သည် ။ထိုလက်နှစ်ဖက်အား အားကိုးတကြီး ပြန်ဆုတ်ကိုင်လိုက်သည့်
အချိန်မှစ၍ ဘတ်ခ်ဟွန်းရဲ့ လွတ်လပ်ပြီး ပျော်ရွင်စရာကောင်း
သော ဘဝလေးသည် အမုန်းရန်ငြိုးတို့ကို ခံစားတတ်ပြီး နေထိုင်ရ
တော့မယ်ဆိုသော အငွေ့အသက်များကို စတင်ခံစားမိခဲ့သည် ။▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁
" ပြောစမ်းပါဦး ဒီနေ့ရော အိမ်မှာ ပတ်သားဖနှစ်ယောက်နဲ့
ဘာဖြစ်လာပြန်ပြီလဲ "Meetingတွင် စိတ်မပါပဲ ထိုင်ငိုင်နေမိသော ဘတ်ခ်ဟွန်းကို
တခြားရှယ်ယာရှင်တွေ သတိထားမိသော်လည်း ။
YOU ARE READING
|| BE IN LOVE || 「SEASON -I」《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]