မုန်တိုင်းရှိသ၍ ။
လေပြေဆိုတာလည်းရှိစမြဲပင် ။▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁
" ယူသွားရမယ့်ပစ္စည်းတွေအကုန်စုံပြီလား သား "
" ဟုတ်ကဲ့ စုံပါပြီ မေမေ "
မနက်စာစားနေရင်း သူ့အားအပြုံးဖြင့်မေးလာသော ဗြောင်မားမားအား
အပြုံးဖြင့်ပြန်ဖြေပေးလိုက်သော ချန်းယောလ် ။ ရေစိုနေသည့် ကိုယ့်
ခေါင်းကိုတောင် ခြောက်အောင်မသုတ်နိုင် ။ဆေးရုံတွင်တစ်ယောက်တည်းထားခဲ့ရသော ချစ်ယောက်ျားအား
စိတ်ပူနေသည့်အတွက် ခြင်းတောင်းထဲသို့ယူသွားရမည့် အသုံး
အဆောင်ပစ္စည်းတို့အား အတင်းဖိထည့်ကာ အလျင်လိုပြနေသည်
ကို မင်ယောင်းတစ်ယောက် ကော်ဖီသောက်ရင်းစေ့စေ့ကြည့်လျက် .." ဟဲ့ ဖြေးဖြေးသက်သာလုပ်ပါဟယ် ဘယ်လိုဖြစ်လို့ ဒီလောက်
လောပြနေရတာလဲ ဆေးရုံကထွက်ပြေးသွားမယ့်အရာမှမဟုတ်တာ
ဖြေးဖြေးသက်သာလုပ်စမ်းပါဟာ "" ဆေးရုံမှာသူ့ကိုတစ်ယောက်တည်းထားခဲ့ရတာ ငါသိပ်စိတ်မချလို့
လောနေရတာ ဟ "ထိုသို့ပြန်ဖြေလာသော ချန်းယောလ်၏အဖြေစကားအားကြားပြီး
သည်နှင့်ချက်ချင်းပင် မင်ယောင်းတစ်ယောက် သူမ မျက်နှာကို
တမင်ရှူံ့တွချပြလိုက်သည် ။ထို့နောက် ချန်းယောလ်၏ မှိုရနေသောမျက်နှာအား မျက်ခွံတစ်ချက်
လှန်ကြည့်လိုက်ပြီး .." အမယ်လေး သည်းကိုသည်းလွန်းပါတယ် ပတ်ချန်းယောလ်ရယ်
ဒီမှာအမေရင်းဖြစ်တဲ့ ဗြောင်မားမားတောင်တာဝန်ကျတဲ့ဆရာဝန်က
ဘာမှစိတ်ပူစရာမလိုတော့ဘူးလို့ပြောလို့ စိတ်အေးအေးထားပြီး
မနက်စာကိုအေးအေးဆေးဆေး ထိုင်စားနေတာတွေ့လား နင်သာ
သည်းပြကဲပြပြီးမယောင်ရာကိုဆီလိုက်လူးပြီးစိုးရိမ်မှုတွေလွန်ကဲပြ
နေတာ "
YOU ARE READING
|| BE IN LOVE || 「SEASON -I」《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]