အပိုင်း ( ၆ )

10.3K 1.1K 70
                                    

" ​ယောလ်​ .. နင်​ဟာ .. အဟင်းး"

မျက်​စိ​ရှေ့က ချန်း​ယောလ်ကို ကြည့်ပြီး စိတ်​အလိုမကျဖြစ်​ကာ
သက်​ပြင်း တစ်​ချက်​ချပြီး ဘယ်​ညာ စင်္ကြန်​​လျှောက်​လျက်​ စိတ်​တို
နေ​သော မင်​​ယောင်း ။

သူမနှင့်​​ ​မောင်​နှမအရင်း​တွေလို ခင်​​တွယ်​ရ​သော ​ချန်း​ယောလ်​၏
အိမ်​​ထောင်​​ရေးကို သူမ နိုင်​ငံခြားမှာ ကျောင်းပြီးလို့ ပြန်​လာလာချင်း
တွေ့လိုက်​ရသည့်​ ...

ဘတ်​ခ်​ဟွန်းကို ချန်း​ယောလ် အရှုံး​ပေးပြီး အရှုံးသမားတစ်​​ယောက်​လို
သည်း​​​ခံ​ပေး​နေသည့်​အတွက်​ သူမ မ​ကျေမနပ်​ဖြစ်​ကာ စိတ်​တို​နေမိ
သည်​ ။

ဘေမင်​​ယောင်းဆို​သော သူမသည်​ ချန်း​ယောလ်နှင့်​​ ​ဆေးရုံ တစ်​ခု
တည်းတွင် ​တူညီ​သောအချိန်၌ အတူ​မွေးဖွားလာ​ခဲ့သော သူ​တစ်​ဦး
ပင်​ဖြစ်​သည်​ ။

ထို့အပြင်​​ သူတို့ရဲ့နှစ်​ဖက်​မိဘ​တွေသည်​လည်း အရမ်းခင်မင်ခဲ့ကြ
ေ​​သာ ငယ်​သူငယ်​ချင်းများပင်​ ဖြစ်​ကြသည် ။

ချန်း​ယောလ်နှင့်​ မင်​​ယောင်း ကြားတွင်​ ခင်မင်မှုကို အ​​​ရောင်​ဆိုး
ထပ်​ဆင့်​ စွန်းထင်း​စေ​သော (၁၅၀၀)ဆိုသည့် ​​သံ​ယောဇဉ်​တို့ မရှိ ။ 

မောင်​နှမလို ခင်​တွယ်​ရသည့် (၅၂၈) သံ​ယောဇဉ်​ ကြိုးတစ်​ကြိုးသာ
ရှိ​ပေသည်​ ။

ထို့အပြင်​ သူတို့ နှစ်​​ဦးမှာ​လည်း တစ်​ဦးအ​ပေါ်ကို တစ်​ဦး
စည်းမ​ဖောက်​ကြ​ပေ ။

အမြဲတမ်း​ ​မောင်​နှမအရင်း​တွေလိုသာ ဆက်​ဆံကြ​သည့်​ သူမနှင့်
ချန်း​ယောလ်တို့ အထက်တန်းတုန်းက ​​​တွဲခဲ့သည်​​ဆိုသည့် ကိစ္စ၏
အ​ဖြေ အရင်းအမြစ်​သည်​ကား တခြားမဟုတ်​ ဘတ်​ခ်​ဟွန်း​ကြောင့်
သာ​ ဖြစ်​​သည်​ဟု ဆို​​လျှင် မမှားနိုင်  ။

သူ့အ​ပေါ်ကို လုံးဝစိတ်​​မဝင်​စားခြင်းမရှိ​​သော ဘတ်​ခ်​ဟွန်း တစ်​​ယောက်​ ။

အကယ်​၍များ သူများ ရည်းစားရသွားခဲ့ရင်​ ​ပျော်​​နေမလား ? ။ ဝမ်းနည်းနေမလား ? ။

|| BE IN LOVE || 「SEASON -I」《COMPLETED》 Tahanan ng mga kuwento. Tumuklas ngayon