အပိုင်း ( ၁၅ )

7.7K 1K 72
                                    

❝ သားချန်း​ယောလ်လို သားအ​ပေါ်ကိုအနွံအတာခံပြီး ချစ်​​​ပေး
တတ်​တဲ့လူမျိုး သားဘဝမှာ​ နောက်တစ်ေ​​ယာက်​ထပ်​​​တွေ့နိုင်
လိမ့်​မယ်​ဆိုတာ ​မေ​မေမထင်​ဘူး သား .. သားဘက်က ပြန်​မချစ်
ပေးနိုင်​ရင်​တောင်​နာကျင်​မှု​​တွေမ​ပေးပဲ သူ့အနားမှာ သူစိတ်​ချမ်း
သာ​အောင်​​နေ​နေ​ပေးလိုက်​တာမှ သားချန်း​ယောလ်အတွက်​​ရော 
မေ​မေ့​မြေး​လေးအတွက်​ပါ ​ပျော်​စရာမိသားစု​လေးကို ပိုင်​ဆိုင်​ခွင့်
ရလိမ့်​မယ်​ သား ❞

နားထဲပြန်ြ​ကား​ယောင်​မိတဲ့​ မိခင်​ရဲ့​ ဆုံးမစကားသံများ ။

ပြဒါးမှန်​သားပြင်​ထက်​ ထင်​ဟပ်​​နေ​သော သူ့ကိုယ်​သူအား
ပြန်​ကြည့်​ရင်း ​တွေ​​နေမိသည်​ ။

သူဟာ တကယ်​ပဲ ချန်း​ယောလ်အ​ပေါ်ကိုအရမ်း​သွေး​အေး​တဲ့
ပုံစံမျိုးနှင့်​ ဆက်ဆံ​​​နေမိခဲ့တာလား ။

လုဟန်​​ပြောသလို သူ့ဟာတကယ်​ပဲ သွေး​အေး​အေး​နေတတ်​တဲ့
သူတစ်​​ယောက်​များ​လားလို့ပြန်​​တွေးမိသည့်​အ​တွေးသည်​လည်း
အကြိမ်​တစ်ရာ​မက​တော့ ။

ငယ်​ငယ်​ကတည်းက ယခုလိုမျိုး​သာ​နေထိုင်​တတ်​တဲ့ သူ ။

ငယ်​စဉ်​ကာလ​နေခဲ့​သည့်​ သူ​​နေတတ်​သလို​နေ​နေသည့်​​နေထိုင်​မှု
ပုံစံသည်​ လုဟန်​ရယ်​ ၊ သူ့ရဲ့မိခင်နှင့်​ ချန်း​ယောလ်အပါအဝင်
တခြား​သော လူ​တွေရဲ့မျက်​လုံးထဲတွင်​အရမ်း​ကို ​သွေး​အေးလွန်း
တဲ့လူတစ်​​ယောက်​ဟု​ ထင်ြ​မင်​​နေကြတာကို သူဘယ်​လိုမှစဉ်းစား
မရ​ချေ ။

တကယ်​​တော့ သူဟာ ​သူများ​တွေထင်​​သော ​သွေး​အေးသူ
တစ်​​ယောက်​ဟုတ်​မ​နေ​ပေ ။

တွယ်​​ငြိ​ပြီး​တော်​ရုံနှင့်​ဖြတ်​​တောက်​လို့မရ​သော သံ​ယောဇဉ်​တို့ကို
ကြောက်​ရွံ့ပြီး မ​​နှောင်​တွယ်​​အောင်​ ​ဝေး​ဝေး​ရှောင်​၍ တိတ်​တဆိတ်
နေထိုင်​ရတာကို ကြိုက်နှစ်​သက်​သူတစ်​​ယောက်​သာ ။

မိခင်​နှင့်​ သူ့ကိုယ်​သူကလွဲပြီး ဘယ်​သူ့အ​ကြောင်းကိုမှ စိတ်​ဝင်
တစားမရှိတတ်​သည့်​ သူဟာ ။

|| BE IN LOVE || 「SEASON -I」《COMPLETED》 Where stories live. Discover now