အပိုင်း( ၂၀ )

7.6K 965 111
                                    

ချစ်​တယ်​ ။

စကားလုံးနှစ်​လုံးတည်းသာရှိပြီး အဓိပ္ပါယ်​များစွာ
ဖွင့်​ဟနိုင်​စွမ်းရှိတဲ့ ကမ္ဘာသုံး စကား​လေးတစ်​ခွန်း ။

" ချစ်​တယ်​ "လို့ လူတစ်​​ယောက်​၏နှုတ်​မှ ​လေး​လေး
နက်​နက်​ဖွင့်​ဟဆိုလိုက်​တိုင်း ။ ထိုလူ၏ ​လေးနက်​မှုကို
တန်​ပြန်​တုံ့ပြန်​​ပေးသည့်​ အ​ပြောခံရသူမှ " ချစ်​တယ်​ "
လို့​ပြန်​​ပြောခြင်းသည်​ ရုပ်​ရှင်​​တွေ ၊ ဇာတ်​ကား​တွေထဲမှာ
သာမဟုတ်​ ။ လက်​ရှိ​ပြင်​ပ​​လောကတွင်​ရှိ​သော်​လည်း ။

ကျွန်​​တော်​ဆိုတဲ့ ပတ်​ချန်း​ယောလ်​မှာ​တော့​ ထိုကဲ့သို့
" ချစ်​တယ်​ "ဆို​သော စကား​လေးတစ်ခွန်း​​ကိုတန်​ပြန်
တုံ့ပြန်ေ​​ပြာ​ပေးမယ့်​ သူမရှိဘဲ​ ။

ကိုယ့်ဘက်ကအနစ်နာခံစွာပေး​နေ​သောအချစ်​တို့ကို
အမုန်း​လှောင်​အိမ်​ထဲသာ ပိတ်​​လှောင်​ထားပြီး မသိ
ကျေးကျွန်​ပြု​တတ်​သည့်​ နှစ်​​ယောက်​မရှိနိုင်​တဲ့ နှလုံးသား
ရဲ့အရှင်​သခင်​​​လေး တစ်​​ယောက်​သာရှိ​တယ် ​။

ချစ်​တယ်​ ။

အရင်​က​ပြောခွင့်​မရရှိခဲ့တဲ့စကား​လေးတစ်​ခွန်း ။

ယခုလွတ်​လွတ်​လပ်​လပ်​​ပြောခွင့်​ရ​သော်​လည်း ။

ထိုစကား​​ကြောင့်​ တန်​ပြန်​ကြားခြင်းသည့်​ တစ်​ဖက်​မှ
ပြန်​​ပြောပေးလာမည့်​စကားသံ​လေးအားကြားခွင့်​မရ
သည်​မှာ သူနဲ့စ​တွေ့သည့်​နေ့မှစ၍ ယ​နေ့ချိန်​ထိပင်​ ။

နေ့တိုင်း​တွေး​နေမိတဲ့ သူ့အ​ကြောင်း​တွေ ။

အချိန်​တိုင်းမြင်​​ယောင်​​နေမိတဲ့ ​အေးစက်​လွန်းတဲ့
သူ့အပြုံး​​အေး​အေး​လေး​​တွေ ။

အမြဲတမ်း​တောင်းတမိတဲ့ သူ့ရဲ့​နွေး​ထွေးမှု
တစ်​စုံတစ်​ရာ​လေး​တွေ ။

အစဉ်အမြဲ မက်​​နေမိတဲ့ မဖြစ်​နိုင်​တဲ့ နတ်​သမီး
အိပ်​မက်​​လေးကိုပဲ အဖန်​တလဲလဲ ဆက်​မက်
ချင်​မိသလို ။

|| BE IN LOVE || 「SEASON -I」《COMPLETED》 Donde viven las historias. Descúbrelo ahora