ရင်ထဲ တိတ်တိတ်လေး ဝင်ရောက် အမြစ်တွယ်ကာ
တဖြေးဖြေး ရှင်သန်ကြီးထွားလာတဲ့ အချစ်ပျိုးပင် ။ဥပေက္ခာပြုခြင်းဖြင့် ဆွဲယူနှုတ်ပြီး အဝေးကို တွန်းပို့ စွန့်ပစ်ဖို့
အတွက် သိပ်ခက်ခဲလွန်းတယ် ။▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁
" ဒီမှာ ဘတ်ခ်ဟွန်း မင်းတောင်းထားတဲ့ ကုန်ပစ္စည်းအသစ်ရဲ့
စာရင်းဇယားဖိုင်တွေ "" အင်း ကျေးဇူးပဲ "
စားပွဲပေါ်သို့ ချပေးလိုက်သော ဖိုင်တွဲတို့အား တစ်ချက်ကြည့်ပြီး
ကိုယ်လုပ်လက်စ အလုပ်ဆီသို့သာ အာရုံစိုက်ရောက်နေသော
ဘတ်ခ်ဟွန်းအား လုဟန် လက်နှစ်ဖက်ပိုက်ကာ စွေစောင်းကြည့်
မိသည် ။" ဘတ်ခ်ဟွန်း "
" ဟင် "
ထူးသံသာ ပြန်ကြားရပြီး ။ သူ့အား ပြန်မော့မကြည့်လာသော
ခေါင်းမာလွန်းသည့် သူငယ်ချင်းဖြစ်သူ၏ ပုံစံကို ကြည့်ပြီး
လုဟန် အားမလိုအားမရဖြစ်ကာ သက်ပြင်း တစ်ချက်ချလိုက်
မိသည် ။အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ရတော့မယ့် အိမ်ထောင်ရေး ။
မိဘတွေရဲ့ မပြေလည်မှု တစ်ခုကြောင့် ကြားထဲမှ စိတ်ဒဏ်ရာရ
နေရသည့် ဂျီယောလ်လေး၏ မျက်နှာကို တစ်ချက်ကလေးတောင်
လှည့်မကြည့်ပဲ ထင်ရာဆိုင်းကာ ကိုယ်လုပ်ချင်တာကိုသာ လုပ်နေ
သည့် သူငယ်ချင်းဖြစ်သူ ဘတ်ခ်ဟွန်းအပေါ် လုဟန် ဒေါသထွက်
နေမိသည် ။သို့သော်လည်း လုဟန် ဘယ်လောက်ပဲ ဒေါသ ထွက်ပြ ထွက်ပြ ။
စိတ်ပဲတိုပြ တိုပြ ။ သူရဲ့ဒေါသနဲ့ စိတ်တို့အား လိုက်၍ အာရုံမထား
တတ်သည့် ဘတ်ခ်ဟွန်းကြောင့် အမြဲလိုလို သူ့ရဲ့ထွက်နေသော
ဒေါသနှင့် တိုနေသောစိတ်တို့အား တစ်ဖက်သတ်ဆန်ဆန်နှင့်ပင်
အမြဲ တစ်ယောက်တည်းပြန်ပြီးဖြေဖျောက်ခဲ့ရပေါင်းလည်း များခဲ့ပြီ ။
YOU ARE READING
|| BE IN LOVE || 「SEASON -I」《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]