အပိုင်း ( ၉ )

10.1K 1K 75
                                    

ထွက်​သွား​ပေး ။
နှလုံးသားကို ဒီထပ်ပိုပြီး ပိုတဲ့​ နာကျင်​မှု​တွေ
ဆက်​မခံစား​​စေချင်​ဘူးဆိုရင်​ အနားက ထွက်​သွား​ပေးပါ ။

သံ​ယောဇဉ်​​နှောင်​ကြိုး​တွေ ဒီထပ်​ပိုပြီး မချည်​​နှောင်​မိတဲ့အချိန်
အမုန်း​လှောင်​အိမ်​ထဲက​နေ လွှတ်​​မြှောက်​ခွင့်​​ ​ပေးသနား​နေ​တုန်း
အ​ဝေးကို အမြန်​ထွက်​သွားလိုက်​ပါ ။

                                 

▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁

" အ ! "

ပန်းခြံထဲတွင်​ ကျန်းမာ​ရေးအတွက်​ အ​ပြေး​လေ့ကျင့်​​နေ​သော
ဘတ်​ခ်​ဟွန်း ။

သူ့ဝတ်​ထားသည့်​ အားကစားဖိနပ်​ကြိုး ပြည်​​နေသည်​ကို မသိ ။

စိတ်​ထဲတွင်​ မတင်​မကျဖြစ်​​နေသည့်​ အ​တွေးတစ်​ချို့​တို့အား
အ​ဖြေထွက်​သည်​အထိ ​သေချာ သိရ​အောင်​ စဉ်းစား​နေရင်း
ပြေး​နေမိစဉ်​ ​အောက်​မှပြည်​​နေ​သော ဖိနပ်​ကြိုးအား တက်​နင်း
မိပြီး ​မြေပြင်​ထက်​သို့ဝယ်​ ​လေးဖက်​​ထောက်​လျက်ပင် လဲကျ
သွားခဲ့သည်​ ။

" အာာ .. ကျစ်​ ! "

စိတ်​ပျက်​လက်​ပျက်​နဲ့ နှုတ်​မှ စုတ်​တစ်​ချက်​သပ်​ကာ ချန်း​ယောလ်
ဆေးထည့်​​ပေးထားလို့ ​ပျောက်​ကင်းစပြု​တော့မည့်​ ဒဏ်​ရာတည်​ရှိ
ရာလက်​နဲ့ မြေပြင်​​ပေါ်တွင်​ရှိ​သော အနည်းငယ်​ ချွန်​သည့်​​  ​ကျောက်​ခဲ
ပေါ်သို့​ လဲကျသည့်​ အရှိန်​နဲ့ လက်​​ထောက်​မိသွားတဲ့အတွက်​​ ​သွေး
ထွက်​ပြီး ဒဏ်​ရာအသစ်​ပြန်​ဖြစ်​သွားသည်​ကိုကြည့်​ပြီး ဘတ်​ခ်​ဟွန်း
ဒေါသထွက်​မိသည်​ ။

" ဟူးးးးး "

လဲကျ​နေ​သော​နေရာမှ ပြန်​ထကာ ပါးစပ်မှ​​ ​လေပူတစ်​ချက်​အား
ခပ်​ပြင်းပြင်းသာ မှုတ်​ထုတ်​လိုက်​ကာ စိတ်​ထဲက ယခုအချိန်​ထိ
အလိုမကျဖြစ်​​နေသည့်​ ကိစ္စတစ်​ခု​ကြောင့်​ သူကိုယ်​​သူသာ စိတ်​ဆိုး
စိတ်​တို​မိ​သည်​ ။

- မင်း​ ဘာ​တွေဖြစ်​​နေတာလဲ ဘတ်​ခ်​ဟွန်း -

- မင်း ​ဘာ​​တွေစိတ်အလိုမကျဖြစ်​​နေရတာလဲ ဟမ်​ ! -

|| BE IN LOVE || 「SEASON -I」《COMPLETED》 Where stories live. Discover now