အမြဲတမ်းအဝေးကနေ ငေးကြည့်ခဲ့ဖူးတယ် ။
မြတ်နိုးရတဲ့နှလုံးသားလေးလို့ယူဆခဲ့တဲ့ သူ့ကို ။
သူမသိအောင် ကျွန်တော်တိတ်တိတ်လေးခိုးကြည့်
ခဲ့ဖူးတယ် ။ရေမတွက်နိုင်တဲ့လူတွေ သူ့ရင်ခွင်ထဲဝင်ထွက်ခိုလှုံ
နေကို ကျွန်တော်ရင်နာနာနဲ့ ငေးကြည့်ခဲ့ဖူးတယ် ။ဒီဇာတ်လမ်းမှာနာကျင်ရတဲ့သူက သူတစ်ယောက်
တည်းလို့ အထင်ကရပြနေပေမယ့် ..တကယ်တမ်း ကျွန်တော့်နှလုံးသားနာကျင်ခဲ့ရတာ
တွေက ဇာတ်လမ်းတစ်ခုရဲ့ဝှက်ဖဲလိုပဲ ထုတ်ဖော်ပြ
အချိန်ရောက်မှ ပေါ်ထွက်လာတဲ့ အမှန်တရားတစ်ခု
လိုပေါ့ ။အများသိအောင် ချပြနိုင်ဖို့အတွက် လုံလောက်တဲ့
အချိန်လိုအပ်တယ် ။နှစ် ၊ လ ၊ ရာသီတွေသာ အလီလီပြောင်းလဲသွားတယ် ။
မပြောင်းနိုင်သေးတာကတော့ အရင်လိုပဲ သူ့ကို
အဝေးကနေသာ တိတ်တိတ်လေး ခိုးကြည့်နေ
တတ်တဲ့ အကျင့်ဆိုးလေး ။အရင်လိုပါပဲ ။ သူမမြင်နိုင်တဲ့ထောင့်တစ်နေရာကနေ
ကျွန်တော် သူ့ကိုတိတ်တခိုး ငေးကြည့်နေမိတုန်းပဲ ။ခုံတန်းလျားလေးမှာ မင်ယောင်းတို့နှင့်စကားထိုင်ပြော
နေတဲ့ သူ ။ဆောင်းဦးရောက်နေတာကို အပေါ်ထပ်အင်္ကျီ
ပါးပါးလေးနှင့် ။ဘယ်တော့များ သူ့ကိုယ်သူဂရုစိုက်တတ်လာမှာပါလိမ့် ။
ကလေးစိတ်မပျောက်သေးတဲ့မင်ယောင်းရဲ့ခေါင်းလေး
ကို လက်ညှိုးလေးတွေနဲ့ထိုးပြီး ပွစိပွစိနဲ့ဘာတွေများ
တွတ်ထိုးနေသလဲမသိ ။အသက်တွေသာကြီးသွားတာ ဒီမောင်နှမနှစ်ယောက်ရဲ့
ငယ်ကျင့်ကတော့ ပျောက်ရန်ခက်လှ ။
YOU ARE READING
|| BE IN LOVE || 「SEASON -I」《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]