အပိုင်း ( ၂၂ )

7.3K 969 126
                                    

ဇာတ်​လမ်းတစ်​​လျှောက်​လုံး ​​အေးစပ်​မှုများစွာဖြင့်​ 
သွေး​အေး​သော ၊ ရက်​စက်​တတ်​​သောလူ​တစ်​​ယောက်
အဖြစ်​သာ နေ​နေမိခဲ့တဲ့ ကိုယ့်နှလုံးသားရဲ့ နာကျင်
နေတဲ့ နာကျင်​မှု​တွေကို​ရောဘယ်​သူ​​တွေက သိနိုင်မှာလဲ ? ။

ဘယ်​သူ​တွေက​ရော ကူခံစား​ပေးနိုင်​မှာလဲ ? ။

ဘယ်​သူေ​တွက​ရော နားလည်​ဂရုစိုက်​​ပေးနိုင်မှာလဲ ? ။

ဘယ်​သူ​တွေက​ရော သိချင်​မှာတဲ့လဲ ? ။

လဲများစွာသာထပ်​​သွားတယ်​ ။

ဘယ်​သူမှမသိ ။ ဘယ်​သူမှမမြင်​နိုင်​ပဲ ။

ကိုယ့်တစ်ဦး​​တစ်​​ယောက်​တည်းသာ သိသိသာသာ
သိမြင်​ခဲ့တဲ့ ​ပြောင်းလဲသွားခဲ့တဲ့ ကိုယ့်​နှလုံးသားကို
နာကျည်းမိပြီးအပြစ်​​တွေသာကြိမ်ဖန်များစွာ​​ပေး​နေ
မိတဲ့ြေ​ဗာင်​ဘတ်​ခ်​ဟွန်းဆိုတဲ့ ကျွန်​​တော်ဟာ တကယ်
တမ်းမှာ နှလုံးသားပင်​ပန်းလွန်းလို့ ထွက်​​ပေါက်​ဆိုတဲ့
သူနဲ့​ဝေးရာ တစ်​​နေရာ​လေးတစ်​ခုဆီကိုနှလုံးသား​လေး
သက်​သာလိုသက်​သာငြား ထွက်​​သွားချင်​မိခဲ့ရုံ​လေးသာ ။


အရူးအပြုံး​လေး​တွေနဲ့ ဘယ်​​လောက်​နာကျင်​​နေပါ​စေ
အမြဲအပြုံးမပျက်​နဲ့ ကျွန်​​တော့်​ကို ချစ်​တယ်​လို့အမြဲ
ပြောတတ်​တဲ့ သူ့ကိုလည်း မုန်းတယ်​ ။

သူ့ကို မုန်းတယ်​လို့​ခြွေချမိတဲ့ ကျွန်​​တော့်​နှုတ်​​ကိုလည်း
မုန်းတယ်​ ။

ထားမသွားပါနဲ့လို့ဆိုပြီးလက်ကို​​ဆွဲထားတဲ့ သူ့ရဲ့
လက်​ကိုတစ်​ချက်​​လေး​တောင်​ တွန့်​ဆုတ်​မှုမရှိဘဲ
ဖြုတ်​ချမိခဲ့တဲ့ ကျွန်​​တော့်​ရဲ့ လက်​​တွေကိုလည်း
မုန်းတယ်​ ။

သူ့ခံစား​နေရ​တွေကို တစ်​ချက်​​လေး​တောင်​ ပြန်​လှည့်
မကြည့်​ဘဲကျောခိုင်းမိခဲ့တဲ့ ကျွန်​​တော့်​ရဲ့​ကျောပြင်​ကို
လည်း မု​န်းတယ်​ ။

|| BE IN LOVE || 「SEASON -I」《COMPLETED》 Where stories live. Discover now