အပိုင်း ( ၈ )

9.3K 1.1K 120
                                    

စွန့်​ပစ်​ချင်​ပြီလား ?
ရပါတယ်​ စွန့်​ပစ်​သွားလိုက်​ပါ​ ။

ကျောခိုင်းချင်​ပြီလား ?
နောက်​ပြန်​လှည့်​မကြည့်​ပဲ ​ကျောခိုင်းသွားလိုက်​ပါ ။

မုန်း​နေတုန်းလား ?
ဒီအတိုင်း​ဆက်​သာမုန်း​လိုက်​ပါ ။

ပြန်​ချစ်​ဖို့မဖြစ်​နိုင်​​သေးဘူးလား ?
မဖြစ်နိုင်ရင်လည်းြ​ဖစ်နိုင်​အောင်ဆိုတဲ့​​​​​​​ ပြန်​ချစ်​ဖို့အတွက်​ကို
ဆက်​မကြိုးစားကြည့်​ပါနဲ့​တော့ ။

နာကြည်း​နေတုန်းလား ?
နှစ်​ဆပိုတိုးပြီး နာကြည်းပစ်​လိုက်​ပါ ။

ကိုယ့်​ရင်​ခွင်​​လောင်းရိပ်​​အောက်​က ထွက်​ခွာချင်​ပြီလား ?
သွားပါ ။ မင်း​ပျော်​တယ်​ဆိုရင်​ ကိုယ် ​​ရင်ေ​တွ ကွဲပါ​စေ
မင်းအတွက်​ နှုတ်​ခွန်းဆက်​စကားကို အပြုံးနဲ့သာ​ ဆို​နေ
ပေးမှာပါ​ ။

တစ်​ခုပဲ ။ မင်းထွက်​သွားမ​ယ့်​ အချိန်​ကို​တော့ ကိုယ့်​ကိုကြို​ပြော
ပေးလှည့်​ပါ ။

ကိုယ့်​အနားမှာ မင်းမရှိ​တော့​ဘူးလို့ သိရတဲ့ေ​န့ကျရင်​ သာမန်​​နေ့ရက်​ တစ်​ရက်​လို ဖြတ်​သန်းလို့ရ​အောင်​ ကိုယ်​ ကြိုးစားကြည့်​ချင်​လို့ မင်း
ကိုယ့်​ရင်​ခွင်​ထဲက ​ခြေစုံကန်​သွားမယ့်​​ ​နေရက်​​လေးကို​တော့ အတိ
အကျ​​လေး ပြော​ခဲ့​ပေး​စေချင်​တယ်​ ။

ချစ်​တယ်​ ဟွန်းနီ ။ ကိုယ်​​နှုတ်က ထွက်ကျခွင့်မရှိ ။ ​​​ပြောခွင့်​မရှိတဲ့
အဲ့စကား​လေးတစ်​ခွန်းကို ။ တစ်​​နေ့​ ကိုယ်​ မင်း လက်​ကို လွှတ်​​ပေး
လိုက်​မယ့်​​နေ့ကျရင်​​​တော့ ကိုယ့်​ကို​ ပြောခွင့်​​လေး​တော့​​ပေးလှည့်​ပါ ။

▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁ ▁

" ငါတို့ကွာရှင်းရ​အောင်​ ချန်း​ယောလ် "

" ​ကောင်းပြီ​လေ မင်းသ​ဘောအတိုင်းပဲ ငါတို့ကွာရှင်းကြတာ​ပေါ့ "

- စကား​လေးက တစ်​ခွန်း​တည်းပဲ ဟွန်းနီ -

- ပြောချိန်​စက္ကန့်​ပိုင်းမျှသာကြာ​ခဲ့​ပေမယ့်​ ထိုစကား​လေး တစ်​ခွန်းကို
ကိုယ့်​​နှုတ်​က​နေ ဖွင့်​ဟနိုင်​ဖို့အတွက်​ မင်းနဲ့​အတူရှိ​နေခဲ့တဲ့​နေ့ရက်
တွေထဲ ကိုယ်​ရင်​တွေ​နာကျင်​ခဲ့ရ​တဲ့ နာကျင်​မှုတို့ထက် ​နှစ်​ဆပိုတဲ့
နာကျင်​မှုတို့ကိုခံစားရပြီးမှ ကိုယ်​နှုတ်ကေ​နထွက်​ကျလို့ ရခဲ့တာကို
ကိုယ်​ မင်းကို သိပ်​​သိ​စေချင်​တာပဲ -

|| BE IN LOVE || 「SEASON -I」《COMPLETED》 Where stories live. Discover now