Chapter - 1

2.3K 67 4
                                    

A/N: ဒီ fic ထဲမှာ Jeongyeon, Momo နဲ့ Dahyun က ယောက်ျားလေးတွေဖြစ်ပြီး Nayeon, Jihyo, Sana နဲ့ Mina တို့က မိန်းကလေးတွေဖြစ်တယ်။

တန်ဖိုးကြီးဇိမ်ခံကားကြီးတစ်စီးက ကျောင်းဝင်းထဲကိုဝင်လာပြီး ကျောင်းဆောင်ဝင်ပေါက်ရှေ့မှာ ရပ်လိုက်ပြီး ကားထဲကနေ ရုပ်ချောချော စတိုင်လ်ကျကျနဲ့ ကောင်လေးတစ်ယောက်ထွက်လာတယ်။ ကျောင်းဝင်းပေါက်ဝက ကျောင်းသူတွေက အဲ့ဒီကောင်လေးကို တွေ့လိုက်တာနဲ့ အသံစူးစူးနဲ့အော်နေကြတယ်။ ကျောင်းဝင်းထဲကကော ကျောင်းဆောင်ထဲကကော တခြားကျောင်းသူတွေက အော်ပြီးကျောင်းပေါက်ဝရှေ့ကို အပြေးလာကြတယ်။

အဲ့ဒီကောင်လေးက ကားထဲကနေဆင်းလာပြီး ကျောပိုးအိတ်ကို ပုခုံးပေါ်လွယ်လိုက်တယ်။ သူ့ အဲ့ဒီလိုအမူအရာက ကောင်မလေးတွေအားလုံးကို ကြွေသွားစေတယ်လေ။

"မိုက်တယ်ကွာ!" ကောင်မလေးတွေက အော်ပြောနေကြတော့ သူက လှောင်ပြုံးပြုံးလိုက်ပြီး ကျောင်းဆောင်ထဲကို လျှောက်သွားလိုက်ပြီး သူ့ locker ရှိရာကို သွားလိုက်တယ်။

သူ့ locker ရှေ့ရောက်တော့ locker ကို ဖွင့်လိုက်ပြီး အထဲကနေ လိုအပ်တဲ့စာအုပ်တချို့ကို ထုတ်လိုက်တယ်။

"Yoo Jeongyeon!" ကောင်လေးတစ်ယောက်က သူ့ပုခုံးပေါ်လက်တင်ပြီး သိုင်းဖက်လိုက်တယ်။ သူ လှည့်ကြည့်လိုက်တော့ Momo နဲ့ Dahyun ဖြစ်နေတယ်။ သူ့ ပုခုံးကို ဖက်ထားတဲ့ Momo လက်ကို ဖယ်လိုက်ပြီး သူ့သူငယ်ချင်း ၂ ယောက်ကို နှုတ်ဆက်လိုက်တယ်။

Yoo Jeongyeon ဆိုတာကတော့ ကျောင်းဘက်စကတ်ဘောအသင်းရဲ့ အသင်းခေါင်းဆောင် အတော်ဆုံး ကစားသမားပေါ့။ သူ့ကြောင့်ရခဲ့တဲ့ ဆုတွေကလည်း အများကြီးပဲလေ။ သူ့ခန္ဓာကိုယ်ကလည်း မိုက်တော့ မိန်းကလေးတိုင်းက သူနဲ့တွဲချင်ကြတယ်လေ။ Momo ကလည်း ဘက်စကတ်ဘောအသင်းကပဲ။ ပြီးတော့ သူက အကလည်းအရမ်းတော်တယ်။ Dahyun ကတော့ ဘာအားကစားအသင်းမှမဝင်ထားဘူးလေ။ သူတို့ ၃ ယောက်က အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ပြီး ကျောင်းမှာ နာမည်ကြီးတဲ့အဖွဲ့ပေါ့။ သူတို့က တစ်ခါတစ်လေကျရင် ကျောင်းပွဲတွေတို့ သူတို့ကို ဖိတ်ကြားခံရတဲ့ အပြင်ပွဲလေးတွေတို့မှာလည်း သီဆိုဖျော်ဖြေလေ့ရှိတယ်။

Don't Play with My HeartWhere stories live. Discover now