Chapter - 4

635 40 3
                                    

A/N: ဒီ fic ထဲမှာ Jeongyeon, Momo, Dahyun နဲ့ Tzuyu တို့က ယောက်ျားလေးတွေဖြစ်ပြီး Nayeon, Jihyo, Sana နဲ့ Mina တို့က မိန်းကလေးတွေဖြစ်တယ်။

Nayeon က Jihyo နဲ့ အတူတူ အကလေ့ကျင့်ဖို့ လေ့ကျင့်တဲ့အခန်းဆီကို အတူတူလျှောက်သွားလိုက်တယ်။ အခန်းထဲလည်းဝင်သွားကော အခန်းထဲမှာ Sana ရယ် Mina ရယ် တခြားကောင်မလေး ၆ ယောက်ရယ်ကို တွေ့လိုက်တယ်။

Jihyo "အားလုံးပဲ သူက Nayeon, ဒီနေ့ကစပြီး ငါတို့ cheerleading group ထဲမှာ ပါမှာ။"

ကောင်မလေးတစ်ယောက်က လက်ပိုက်ပြီး Nayeon ကို မကျေနပ်တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး "သူ့ ဒီလိုပုံစံနဲ့ ငါတို့အဖွဲ့ထဲဝင်မယ်? ဖြစ်နိုင်တာကို ပြောစမ်းပါ Jihyo ရယ်။"

သူ့ဘေးက ကောင်မလေးက ဆက်ပြောလိုက်တယ် "အကယ်၍ နင်က သူ့ကို ငါတို့အဖွဲ့ထဲ အရမ်းကို ပါစေချင်တယ်ဆိုရင် ငါတို့ သူ့အရည်အချင်းကို စစ်မယ်။"

Jihyo က ပြန်ပြောမလို့ပဲရှိသေးတယ် Nayeon က Jihyo လက်ကို ကိုင်လိုက်ပြီး "arrasso, ငါ ဘယ်လိုအရည်အချင်းကိုပြရမှာလဲ?"

"ငါတို့ ဖွင့်ပြတဲ့ သီချင်းနဲ့ ကပြရမယ်။" ဒုတိယပြောတဲ့ကောင်မလေးက ပြောလိုက်ပြီး Jason Derulo ရဲ့ "Talk Dirty" သီချင်းကို ဖွင့်လိုက်တယ်။

Nayeon လည်း သူ့ ကျောပိုးအိတ်ရယ် စာအုပ်တွေရယ်ကို ဘေးမှာချလိုက်တယ်။ ပြီးတော့ သူ့မျက်မှန်ရယ် ကုတ်အင်္ကျီရယ်ကို ချွတ်ပြီး ကျောပိုးအိတ်ဘေးထားလိုက်တယ်။

Nayeon က ပြီးတော့ က ပြလိုက်တော့ အကုန်လုံး အံ့သြသွားကြတယ်။ Jihyo, Sana နဲ့ Mina တော် အံ့သြသွားတယ်။ သူတို့က Nayeon ကို သီချင်းဆိုကောင်းတာပဲသိတာလေ။ ဒီလိုမျိုး ကတတ်လိမ့်မယ်လို့ လုံးဝထင်မထားဘူး။

ပထမ လက်ပိုက်ပြီး ပြောတဲ့ကောင်မလေးက လက်ခုပ်တီးလိုက်ပြီး "wow, နင်တကယ်တော်တာပဲ။ ငါနာမည်က Somi."

Nayeon ကို အရည်အချင်းစစ်ဖို့ပြောတဲ့ ကောင်မလေးက Nayeon နားသွားလိုက်ပြီး "ငါ့နာမည်က Minyoung."

"ငါက Jiwon."

"ငါက Chaeryeong."

"ငါက Chaeyeon. ငါနဲ့ Chaeryeong နဲ့က အမွှာညီအမတွေ။"

"ငါက Eunsuh."

Jihyo "ကဲ အဲ့ဒါဆိုရင် နင်တို့တွေအကုန် သဘောတူတယ်ဆိုတော့ ငါတို့ စလေ့ကျင့်လိုက်ရအောင်။"

Don't Play with My HeartWhere stories live. Discover now