Chapter - 19

338 26 7
                                    

** ဒီအပိုင်းလေးကို မဖတ်ခင်မှာ tissue လေးတွေ ဆောင်ထားဖို့ အကြံပေးချင်တယ်နော်။

A/N: ဒီ fic ထဲမှာ Jeongyeon, Momo, Dahyun နဲ့ Tzuyu တို့က ယောက်ျားလေးတွေဖြစ်ပြီး Nayeon, Jihyo, Sana နဲ့ Mina တို့က မိန်းကလေးတွေဖြစ်တယ်။



Jeongyeon, Momo နဲ့ Dahyun တို့က ဂိမ်းကစားနေကြတယ်။ ဒါပေမယ့် Jeongyeon နဲ့ Momo ကြောင့် Dahyun တစ်ချိန်လုံးရှုံးနေတယ်လေ။ အဲ့ဒါနဲ့ Dahyun လည်း ဂိမ်းကို ရပ်လိုက်ပြီး သူ့သူငယ်ချင်း ၂ ယောက်ကို ကြည့်လိုက်တယ်။

Dahyun "ကဲ ပြောပါအုံး မင်းတို့ ၂ ယောက် ဘာတွေဖြစ်နေကြတာလဲ? Yoo Jeongyeon မင်း အရင်ပြော။"

Jeongyeon "ငါ Nayeon နဲ့ ရန်ဖြစ်ထားတယ်။"

Dahyun "ဘာကြောင့်ဖြစ်တာလဲ?"

Jeongyeon "ငါ တက္ကသိုလ်တက်ဖို့ Australia ကို သွားရမှာ အဲ့ဒါကို သူက ငါ အမှန်အတိုင်း မပြောပြလို့ဆိုပြီး စိတ်ဆိုးသွားတယ်။"

Momo "နေပါအုံး... အဲ့ဒါဆိုရင် ဟိုတစ်နေ့က ငါနဲ့ shopping mall မှာတွေ့တော့ ငါ့ကို America သွားရမှာလားဆိုတဲ့ကိစ္စနဲ့ပတ်သတ်နေတာလား?"

Jeongyeon "ဟုတ်တယ်။ သူက တက္ကသိုလ်နဲ့ပတ်သတ်တဲ့ကိစ္စကို ငါက သူနဲ့ဆွေးနွေးစေချင်တာ။ ဒါပေမယ့် ငါက အဲ့ဒီလိုမလုပ်ခဲ့ဘူး။ သူက ငါအကုန်မပြောပြခင် အရင်သိသွားတော့ သူလည်းအရမ်းကို စိတ်ဆိုးသွားတာ။"

Momo မျက်နှာငယ်သွားပြီး "mianhae... ဟိုနေ့က သူမေးတုန်းက ငါကြိုသိခင်ရင် ဒီလိုတွေဖြစ်မှာမဟုတ်ဘူး။"

Jeongyeon "ကိစ္စမရှိပါဘူး။ မင်းလည်းသိမှမသိတာကို။"

Dahyun "မင်းဘယ်တော့သွားရမှာလဲ?"

"ရှေ့အပတ်ထဲ..."

"ဘာ?! မင်း ဒီကိစ္စကို သူနဲ့ အရင်ရှင်းရှင်းလင်းလင်းလုပ်သင့်တယ်။ မင်းတို့ ၂ ယောက် ဒီလိုတွေဖြစ်နေတဲ့အချိန်မှာ မင်းထွက်သွားရင် ပိုဆိုးသွားလိမ့်မယ်။" Dahyun ကပြောပြီး Momo ဘက်ကိုလှည့်လိုက်တယ်။

"မင်းကကော ဘာတွေဖြစ်နေတာလဲ Minatozaki Momo?"

Momo "ဟို... ငါ ဒီနေ့ည Mina မိဘတွေနဲ့ တွေ့ရမှာ။"

Don't Play with My HeartWhere stories live. Discover now