Chapter - 13

381 27 2
                                    

A/N: ဒီ fic ထဲမှာ Jeongyeon, Momo, Dahyun နဲ့ Tzuyu တို့က ယောက်ျားလေးတွေဖြစ်ပြီး Nayeon, Jihyo, Sana နဲ့ Mina တို့က မိန်းကလေးတွေဖြစ်တယ်။


Jeongyeon က ဘတ်စကတ်ဘောတစ်ယောက်တည်းလေ့ကျင့်နေတာ တစ်နာရီကျော်နေပြီ။ Jeongyeon က သူ့အဖေနဲ့ စကားပြောပြီးကတည်းက တစ်ချိန်လုံး ဘတ်စကတ်ဘောလေ့ကျင့်တာကိုပဲ အာရုံစိုက်နေတယ်။ သူ စာကိုတောင် အာရုံစိုက်လို့မရဖြစ်နေတယ်လေ။ သူ စာသင်ချိန်တွေမှာလည်း သင်တဲ့စာတွေ တစ်ခုမှ သူ့ခေါင်းထဲမရောက်ဘူး။

"Jeong, မင်းနားသင့်ပြီနော်။" Momo က ရေသောက်နေတဲ့ Jeongyeon ကို ပြောလိုက်တယ်။

"ငါ... အဆင်ပြေပါတယ်။" Jeongyeon မောမောနဲ့ပြောလိုက်တယ်။ သူ့ကိုယ်မှာလည်း ချွေးတွေရွှဲလို့လေ။

"အလွန်အကျွံလုပ်တာ မကောင်းဘူးနော်။ မင်းဒဏ်ရာရနိုင်တယ်။" Momo က Jeongyeon ပုခုံးထပ်နာမှာကို စိတ်ပူပြီးပြောလိုက်တယ်။

"ကိစ္စမရှိဘူး။ ငါ အဆင်ပြေတယ်။" Jeongyeon က ဘတ်စကတ်ဘောဂိုးတိုင်ကိုကြည့်ပြီးပြောလိုက်တယ်။

"နောက်ဆုံးစာမေးပွဲကြီးနီးလာပြီနော်။ မင်း စာလုပ်ဖို့အတွက်လည်း အားအင်ထားအုံး။" Momo ပြောပြီး နှုတ်ဆက်ပြီး Mina ဆီကို ထွက်လာလိုက်တယ်။ သူသိတယ်လေ သူ ဘယ်လောက်ပြောပြော Jeongyeon က နားထောင်မှာမဟုတ်ဘူးဆိုတာကို။ အဲ့ဒီတော့ ပိုစိတ်တိုအောင်မလုပ်တော့ပဲ ဒီအတိုင်း ထွက်လာခဲ့လိုက်တယ်။

Momo မသိတာတစ်ခုက Jeongyeon က ဘတ်စကတ်ဘောကစားတာကနေပဲ သူ့စိတ်ရှုပ်ထွေးနေတာကနေ အနားရနိုင်တာလေ။ သူ ဘတ်စကတ်ဘောကစားနေရင် ဘာကိုမှမတွေးမိဘူးလေ။

Nayeon လည်း Momo ပြောတာနဲ့ ဘတ်စကတ်ဘောကစားရုံဆီကို လျှောက်လာခဲ့တယ်။ Nayeon က Jeongyeon ဘတ်စကတ်ဘောကစားနေတာကို တွေ့လိုက်တယ်။ Jeongyeon က ဒီအတိုင်းလေ့ကျင့်နေတာမဟုတ်ပဲ သူ့ဒေါသတွေကို ဘောလုံးအပေါ်ကို လွှဲချနေတာကို သူခံစားမိလိုက်တယ်။

Nayeon က ဒီတလော Jeongyeon ဘာတွေကို စိတ်ရှုပ်နေလဲဆိုတာကို သိတယ်လေ။ Jeongyeon က သူ့အမေနဲ့ တွေ့သင့်မတွေ့သင့်စဉ်းစားနေတာကို သူ့ကို ပြောပြထားတယ်လေ။ ပြီးတော့ သူသိနေတယ်လေ Jeongyeon က တကယ်တော့ သူ့အမေကို တွေ့ချင်တယ်လေ ဒါပေမယ့် ပြောင်းလဲသွားနိုင်တဲ့အရာတွေအတွက်ကတော့ အဆင်သင့်မဖြစ်သေးဘူးဆိုတာကို။

Don't Play with My HeartWhere stories live. Discover now