A/N: ဒီ fic ထဲမှာ Jeongyeon, Momo, Dahyun, Tzuyu နဲ့ Lisa တို့က ယောက်ျားလေးတွေဖြစ်ပြီး Nayeon, Jihyo, Sana နဲ့ Mina တို့က မိန်းကလေးတွေဖြစ်တယ်။
Jeongyeon က Nayeon နဲ့ Chaeyoung ရယ် Sinb ရယ်ကို Nayeon တို့ ကော်ဖီဆိုင်ကိုပြန်ပို့ပေးလိုက်တယ်။ သူက Nayeon ကို သူ့အိမ်လိုက်ပို့ပေးမယ်ပြောပေမယ့် Nayeon က ကော်ဖီဆိုင်ကိုပဲ လိုက်ပို့ခိုင်းတယ်လေ။ ပြီးသွားတော့ Jeongyeon လည်း Rosé ရဲ့ တိုက်ခန်းဆီကို သွားလိုက်တယ်။
Jeongyeon က အခု Rosé ရဲ့ ဧည့်ခန်းထဲမှာ Rosé ရေချိုးအပြီးကို စောင့်နေတယ်လေ။ သူလည်း စောင့်နေရင်းနဲ့ သူအမနဲ့ ပြောခဲ့တဲ့ အကြောင်းအရာတွေကို ပြန်တွေးကြည့်နေတယ်။ ဒါပေမယ့် Rosé က သူ့ပေါင်ပေါ်ထိုင်လိုက်တော့ သူလည်း အတွေးတွေရပ်တန့်သွားခဲ့တယ်။
"နင်က ထင်ထားတာထက်စောပြီးရောက်လာသားပဲ။ ငါ့ကို စောင့်နေတာလား?" Rosé က Jeongyeon နားနားကပ်ပြောလိုက်တယ်။ သူက ခေါင်းလျှော်ထားပြီး မသုတ်ရသေးတော့ သူ့ဆံပင်က ရေတွေက Jeongyeon ရဲ့ အင်္ကျီနဲ့ ဘောင်းဘီတွေကို စိုကုန်စေတယ်လေ။ ပြီးတော့ Rosé က bathrobe ပဲ ဝတ်ထားတာလေ။
"အင်း ဒါပေမယ့် နင် ဖယ်ပေးလို့ရမလား? နင့်ကိုယ်ကလည်းလေးတယ်။ ပြီးတော့ ငါ့အဝတ်တွေလည်းစိုလာပြီ။ အရင်ဆုံး ရေသုတ်ပြီး အဝတ်အစားသွားဝတ်ပါလား?" Jeongyeon ကပြောပြီး Rosé ကို သူ့ကိုယ်ပေါ်ကနေဖယ်လိုက်တယ်။
"arrasso" Rosé ပြောပြီး Jeongyeon နဖူးလေးကို နမ်းပြီး ထသွားလိုက်တယ်။
----------
Rosé တစ်ယောက် သူ့အခန်းထဲကို ဝင်သွားတယ်။ ဒါပေမယ့် ရေမသုတ်သေးပဲ ကုတင်ပေါ်မှာပဲထိုင်နေတယ်။ စောစောတုန်းက Jeongyeon က သူ့ကို အေးတိအေးစက်နဲ့ ဆက်ဆံတော့ သူ နာကျင်ခံစားနေရတယ်လေ။ ပုံမှန်ဆိုရင် Jeongyeon က သူ ဒီလိုမျိုး ဆံပင်တွေ ရေစိုနေရင် သုတ်ပေးနေကျလေ။ Jeongyeon ပေါ်မှာ သူထိုင်ရင်လည်း သူ့ခါးကို ဖက်ထားပေးတယ်လေ။ ဒါပေမယ့် ဒီနေ့တော့ အဲ့ဒီလိုမလုပ်ပဲ သူ့ကို တွန်းထုတ်တယ်လေ။
Rosé ရဲ့ အတွေးထဲမှာ 'စောစောတုန်းက ကောင်မလေးကြောင့် ငါ့ကို ဒီလိုဆက်ဆံနေတာလား? သူတို့တွေက ဘယ်သူတွေလဲ?'
YOU ARE READING
Don't Play with My Heart
Fanfictionအချစ်? စစ်မှန်တဲ့ အချစ်ဆိုတာ တကယ်ကောရှိရဲ့လား? ကျွန်တော့်ရဲ့ တိတ်ဆိတ်နေတဲ့ဘဝလေးထဲကို သူမကဝင်ရောက်လာပြီး ငြိမ်သက်နေတဲ့ နှလုံးသားလေးကို ဗလောင်ဆူသွားအောင် လုပ်ခဲ့တယ်လေ။ အသဲကွဲခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ နှလုံးသားလေးက သူမနဲ့တွေ့မှ ပြန်လည်စိုပြေလာခဲ့တယ်။ ကျွ...