Chapter - 10

492 33 3
                                    

A/N: ဒီ fic ထဲမှာ Jeongyeon, Momo, Dahyun နဲ့ Tzuyu တို့က ယောက်ျားလေးတွေဖြစ်ပြီး Nayeon, Jihyo, Sana နဲ့ Mina တို့က မိန်းကလေးတွေဖြစ်တယ်။

Momo နဲ့ Mina ဆေးရုံကိုလည်းရောက်ကော Operation Room ရှေ့မှာ Dahyun က Jeongyeon ကျောကို ပွတ်ပေးရင်း အားပေးစကားပြောနေတာကို တွေ့လိုက်ရတယ်။ ဘေးနားမှာ Sana နဲ့ Jihyo လည်းရှိနေတယ်။

"Jeongyeona, ဘယ်လိုဖြစ်တာလဲ?" Momo က Jeongyeon ဘေးရောက်တာနဲ့ မေးလိုက်တယ်။

Jeongyeon က လက်နဲ့ မျက်နှာကို အုပ်ထားပြီး ဘာမှပြန်မပြောတော့ Dahyun က ရှင်းပြလိုက်တယ် "Nayeon က အိမ်အပြန်လမ်းမှာ ကောင်လေး ၂ ယောက် ရောက်လာပြီး ဓားထောက် ခြိမ်းခြောက်ပြီး rape လုပ်ဖို့ကြိုးစားတာ အဲ့ဒါ ရုန်းရင်းဆန်ခတ်ဖြစ်ရင်းနဲ့ အဲ့ဒီကောင်လေးနှစ်ယောက်ထဲက တစ်ယောက်ရဲ့ လက်ထဲက အိတ်ဆောင်ဓားလေးနဲ့ သူ့ဗိုက်ကိုထိုးမိသွားတယ်။ ၂ ချက်လောက် ထိုးမိတယ်ပြောတယ်။ Nayeon ဖုန်းခေါ်ခေါ်ချင်း Jeongyeon အပြေးသွားပေမယ့် ဟိုကောင်လေး ၂ ယောက်ကိုတော့ မတွေ့လိုက်ဘူးတဲ့။"

အဲ့ဒီသတင်းကြားပြီးတော့ Momo နဲ့ Mina က Nayeon ကို စိတ်ပူရုံတင်မကပဲ Jeongyeon ကိုပါ စိတ်ပူနေကြတယ်။

"Jeongyeona.... သူ အဆင်ပြေသွားမှာပါ..." Mina က ပြောပြီး Jeongyeon ခေါင်းလေးကို ပွတ်ပေးလိုက်တယ်။

"အဲ့ဒါ ငါ့အပြစ်တွေ.... ငါ သူ့ကို ကာကွယ်ပေးရမှာကို.... မလုပ်နိုင်ခဲ့ဘူး...." Jeongyeon က ပြောရင်းနဲ့ ငိုလိုက်တယ်။

"နင် သူနဲ့ အတူတူရှိနေတာလား?"

"ani, ငါက appa က ပြန်လာခိုင်းလို့ အိမ်အရင်ပြန်နှင့်လိုက်တာ။ သူ့ကို လိုက်မပို့ပေးလိုက်နိုင်တော့ ငါက သူ့ကို အိမ်ပြန်ရောက်ရင် ဖုန်းဆက်လို့ပြောတာ ဘာဖုန်းမှမလာဘူး။ အဲ့ဒါနဲ့ ငါ သူ့ဖုန်းကို ဆက်တော့ အသံတွေကြားရတယ်။ အဲ့ဒီမှာ Nayeon က နေရာကို ပြောလိုက်တဲ့အသံကို ကြားလိုက်ရလို့ ငါ အပြေးသွားတာ။ ငါ... တွေ့တဲ့အချိန်မှာ သူက လမ်းဘေးမှာ လဲနေတယ်... သွေးတွေလည်း ရွှဲလို့... ဘယ်သူက သူ့ကို အဲ့ဒီလိုလုပ်ရတာလဲ?!!!"

အဲ့ဒီအချိန်မှာ ဆရာဝန်ထွက်လာပြီး "Im Nayeon-sshi ရဲ့ မိသားစုဝင်ရှိလား?"

Jeongyeon က အပြေးသွားလိုက်ပြီး "ကျွန်တော်က သူ့ရည်းစားပါ။"

"Nayeon-sshi ရဲ့ အခြေအနေက စိတ်ချရပါပြီ။ သူ သွေးထွက်လွန်သွားပေမယ့် သွေးဖြည့်ထားလို့စိတ်ချရပါပြီ။ ဒါပေမယ့် အရမ်းလှုပ်လှုပ်ရှားရှားမလုပ်ခိုင်းပါနဲ့။ သူ့ဘယ်ဘက်ခြေထောက်က ဘာမှတော့မဖြစ်ပေမယ့် အရင်တုန်းက ဒဏ်ကို ပြန်ထိမိသွားတော့ အရမ်းလှုပ်လှုပ်ရှားရှားလုပ်ရင်မကောင်ဘူး။"

Don't Play with My HeartWhere stories live. Discover now