A/N: ဒီ fic ထဲမှာ Jeongyeon, Momo, Dahyun နဲ့ Tzuyu တို့က ယောက်ျားလေးတွေဖြစ်ပြီး Nayeon, Jihyo, Sana နဲ့ Mina တို့က မိန်းကလေးတွေဖြစ်တယ်။
"Hey! နင်တို့တွေရောက်လာပြီပဲ!" Dahyun က ဝင်လာတဲ့ ကောင်မလေး ၃ ယောက်ကို နှုတ်ဆက်လိုက်တယ်။ Jeongyeon က တစ်ယောက်လိုနေတာကို သတိထားမိလိုက်တော့ "Jihyo-ah, ကျောင်းသူသစ်ကော?"
"ah, သူက ကိစ္စတစ်ခုပေါ်လာလို့ ငါတို့နဲ့ မလိုက်နိုင်ဘူးတဲ့။" Jihyo ကပြောလိုက်တယ်။
တကယ်တော့ Nayeon က သူ့ကျူရှင်ပြီးတာနောက်ကျလို့ နည်းနည်းနောက်ကျမယ်လို့ Jihyo ကို message ပို့လိုက်တာလေ။ Jihyo ကလည်း Jeongyeon ကို စချင်တာနဲ့ နောက်လိုက်တာလေ။ Jihyo က တခြားကောင်မလေးတွေတုန်းကလိုပဲ Jeongyeon က ဒီအတိုင်း မသိသလိုထားထားမယ်ထင်ပေမယ့် မဟုတ်ခဲ့ဘူး။ Jeongyeon မျက်နှာပျက်သွားတာကို သူ သတိထားမိလိုက်တယ်။
နည်းနည်းကြာတော့ Nayeon ရောက်လာတယ်။ ဒီလို party ပွဲမျိုးကို ဒါ သူပထမဆုံးတက်ဖူးတာလေ။ ပြောရရင် ဒီလိုပွဲမျိုးကို အဖိတ်ကြားခံရတာကလည်း သူ့အတွက် ပထမဆုံးပဲ။ သူ စိတ်လှုပ်ရှားနေပြီး စိတ်လည်းပူနေမိတယ်။ ဘာလို့လည်းဆိုတော့ ဒီလိုပွဲမျိုးတွေက ဘယ်လိုတွေရှိလဲဆိုတာကို သူမသိဘူးလေ။ သူက သူများတွေနဲ့လည်း ဘယ်လိုရင်းရင်းနှီးနှီးနေရမလဲမသိဘူး။ သောက်လည်း မသောက်တတ်ဘူးလေ။ သူ စိတ်လှုပ်ရှားစွာနဲ့ တံခါးဖွင့်လိုက်တယ်။
သူဝင်ဝင်ချင်း ပထမဆုံးကြားလိုက်ရတာ သီချင်းသံပဲလေ။ သူ ဝင်လိုက်တော့ အိမ်ထဲမှာ လူတွေ အပြည့်ပဲ။ သူလည်း သူသိမယ့်သူများ အထူးသဖြင့် သူတို့ အဖွဲ့ထဲကသူတွေရှိမလားလို့ ရှာကြည့်လိုက်တယ်။ သူ အခန်းထဲမှာ ဟိုဒီကြည့်ပြီး သူ့သူငယ်ချင်းတွေကို ရှာနေတယ်။ ကခုန်နေတဲ့သူတွေ ဂိမ်းတွေဆော့နေတဲ့သူတွေ beer သောက်နေတဲ့ သူတွေကြားထဲကနေ တိုးပြီးအထဲကို ဝင်လာလိုက်တယ်။
"သူတို့တွေ ဘယ်မှာပါလိမ်..." Nayeon က ဖုန်းထုတ်ရင်းနဲ့ သူ့ကိုယ်သူပြောလိုက်တယ်။ အဲ့ဒီအချိန်မှာ သူ့ပုခုံးကို တစ်ယောက် ပုတ်လိုက်လို့ လှည့်ကြည့်လိုက်တော့ သူ တော်တော်လေး အံ့သြသွားတယ်။
YOU ARE READING
Don't Play with My Heart
Fanfictionအချစ်? စစ်မှန်တဲ့ အချစ်ဆိုတာ တကယ်ကောရှိရဲ့လား? ကျွန်တော့်ရဲ့ တိတ်ဆိတ်နေတဲ့ဘဝလေးထဲကို သူမကဝင်ရောက်လာပြီး ငြိမ်သက်နေတဲ့ နှလုံးသားလေးကို ဗလောင်ဆူသွားအောင် လုပ်ခဲ့တယ်လေ။ အသဲကွဲခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ နှလုံးသားလေးက သူမနဲ့တွေ့မှ ပြန်လည်စိုပြေလာခဲ့တယ်။ ကျွ...