A/N: ဒီ fic ထဲမှာ Jeongyeon, Momo, Dahyun နဲ့ Tzuyu တို့က ယောက်ျားလေးတွေဖြစ်ပြီး Nayeon, Jihyo, Sana နဲ့ Mina တို့က မိန်းကလေးတွေဖြစ်တယ်။
Momo က နောက်တစ်နေ့မနက်ရောက်ရင် Mina သွားတော့မယ်ဆိုတာကို သူသိနေတယ်လေ။ အဲ့ဒီအတွက်လည်း သူ ဘာမှမလုပ်နိုင်ဘူးလေ။ သူ ဘယ်လိုလုပ်သိတာလဲဆိုရင် Mina က သူတို့အကြောင်ကို Jihyo ဆီသွားပြီး ငိုပြီးတော့ သူတို့ တစ်အုပ်စုလုံး သိသွားကြတယ်လေ။ Sana နဲ့ Dahyun လည်း Momo ကို ပြောကြတာပေါ့။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က...
Sana နဲ့ Dahyun က Momo အခန်းထဲကို ဝင်လာတယ်။
"နင်က သူ့ကို ဒီလိုထားခဲ့ရုံနဲ့ ပြီးပြီထင်နေတာလား?" Sana က ပြောလိုက်တယ်။
"နင် ဘာတွေပြောနေလဲ ငါမသိဘူး။"
"Minatozaki Momo, နင် ငါ့ကို အမှန်အတိုင်းမပြောပြမချင်း ငါ ဒီအခန်းထဲကနေ မထွက်ဘူး။" Dahyun က ပြောပြီး Momo ရဲ့ ကုတင်ပေါ်ထိုင်လိုက်တယ်။
"တော်စမ်းပါ Dahyun, ငါ ဘာတွေလုပ်နေလဲဆိုတာကို ငါသိတယ်။ နင် င့ါကို ဘာလုပ်ရမယ်ဆိုတာ ပြောစရာမလိုဘူး။" Momo က ပြောပြီး စားပွဲပေါ်ကနေ ဆေးလိပ်ထုတ်ပြီး မီးညှိုဖို့လုပ်လိုက်တယ်။
Sana နဲ့ Dahyun က အချင်းချင်းကြည့်လိုက်တယ်။ ပြီးတော့ Momo ဆေးလိပ်မီးမညှိခင် လက်ကိုပုတ်ချလိုက်ပြီး အင်္ကျီကော်လန်ကို ဆွဲလိုက်တယ်။
"နင့်ကို Mina ဘယ်လောက်တောင်ချစ်တယ်ဆိုတာကို သိရဲ့လား?!!!" Sana အော်ပြောလိုက်တယ်။ သူ Momo ကို အရမ်း စိတ်ဆိုးနေတယ်လေ။
"ငါ့ကို ဒီအတိုင်းထားလို့မရဘူးလား?" Momo က Sana လက်ကိုဖယ်ပြီးပြောလိုက်တယ်။
"ငါတို့ကို ဘာတွေဖြစ်နေလဲဆိုတာကိုပြောပြလေ။ နင် Mina နဲ့ လမ်းမခွဲပဲ တခြားနည်းလမ်းလည်းရှိမှာပါ။" Dahyun က အေးအေးဆေးဆေးပြောလိုက်တယ်။
"မရှိဘူး။ ပြီးတော့ ဘာတွေဖြစ်နေလဲဆိုတာကိုလည်း ငါ နင်တို့ကို ပြောပြမှာမဟုတ်ဘူး။ ငါ သူနဲ့ လမ်းခွဲတာက အကောင်းဆုံးနည်းလမ်းပဲ။" Momo က မျက်နှာတည်တည်နဲ့ ပြောလိုက်တယ်။
YOU ARE READING
Don't Play with My Heart
Fanfictionအချစ်? စစ်မှန်တဲ့ အချစ်ဆိုတာ တကယ်ကောရှိရဲ့လား? ကျွန်တော့်ရဲ့ တိတ်ဆိတ်နေတဲ့ဘဝလေးထဲကို သူမကဝင်ရောက်လာပြီး ငြိမ်သက်နေတဲ့ နှလုံးသားလေးကို ဗလောင်ဆူသွားအောင် လုပ်ခဲ့တယ်လေ။ အသဲကွဲခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ နှလုံးသားလေးက သူမနဲ့တွေ့မှ ပြန်လည်စိုပြေလာခဲ့တယ်။ ကျွ...