Chapter - 30

501 36 4
                                    

A/N: ဒီ fic ထဲမှာ Jeongyeon, Momo, Dahyun နဲ့ Tzuyu တို့က ယောက်ျားလေးတွေဖြစ်ပြီး Nayeon, Jihyo, Sana နဲ့ Mina တို့က မိန်းကလေးတွေဖြစ်တယ်။




ဟိုတယ်မှာ...

Jeongyeon က အသက်မပါတဲ့ ပုံစံနဲ့ ဟိုတယ်ကိုရောက်လာတယ်။ Jeongyeon က ဟိုတယ်မှာလိုက်စစ်ဆေးနေတယ်။ Jeongyeon လည်း ပြီးသွားတော့ သူ့အခန်းကို ပြန်ပြီး ဆိုဖာပေါ်မှာလှဲပြီး နားလိုက်တယ်။ အဲ့ဒီအချိန် တံခါးခေါက်ပြီး တစ်ယောက်ဝင်လာတယ်။ သူကတော့ Seungyeon လေ။

"နင် အဆင်ပြေရဲ့လား Jeongyeon? နင့်ကြည့်ရတာ နေ့လည်ကတည်းက စိတ်ညစ်နေတဲပုံပဲ။" Jeongyeon လည်း ထထိုင်လိုက်ပြီး ရှေ့ကိုပဲ ကြည့်နေတယ်။

"Noona..."

"Hmm?" Seungyeon က Jeongyeon ဘေး ဝင်ထိုင်လိုက်တယ်။

"ငါ ဒီနေ့သူနဲ့ တွေ့ခဲ့တယ်။" Jeongyeon က အသက်မပါသလိုပြောထားတယ်။

Seungyeon က ဘယ်သူ့ကိုပြောမှန်းမသိလို့ ခဏစဉ်းစားနေတယ်။ သူ Jeongyeon မျက်နှာအမူအယာကိုကြည့်ပြီး ဘယ်သူလဲဆိုတာကို တွေးမိလိုက်တယ်။

"Nayeon ကိုလား?" Seungyeon က မေးလိုက်တယ်။ သူက Jeongyeon ပြောပြထားလို့ Jeongyeon နဲ့ Nayeon အကြောင်းတွေကို သိနေတယ်လေ။

Jeongyeon က ခေါင်းငြိမ့်လိုက်တော့ Seungyeon က "အဲ့ဒီတော့... နင် သူ့ဆီကနေ ရုန်းမထွက်နိုင်သေးဘူးပေါ့? ငါက နင် Rosé နဲ့ စေ့စပ်လိုက်တော့ သူ့ကို မေ့နိုင်နေပြီထင်နေတာ။"

"ငါလည်း အဲ့ဒီလိုပဲထင်နေတာ။ ပြီးတော့ ငါ သူနဲ့တွေ့တဲ့အချိန်မှာ ဘာက တော်တော်လေးအံ့သြစေလဲဆိုတာကိုကောသိလား? သူ့မှာ သမီးလေးရှိနေတယ်။" Jeongyeon ပြောပြီး သူ့အမကို ကြည့်လိုက်တယ်။ ပြီးတော့ "အဲ့ဒါ ဘာအဓိပ္ပာယ်လဲဆိုတာကိုသိလား noona?"

Jeongyeon မေးတော့ Seungyeon က ခေါင်းခါပြတော့ သူ ဆက်ပြောလိုက်တယ် "သူ့သမီးက ငါ့သမီးလည်းဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါနဲ့ သူနဲ့ ခဏခဏ အတူတူအိပ်ခဲ့ဖူးတယ်။"

Jeongyeon စကားကြားပြီး Seungyeon လည်း မျက်လုံးပြူးသွားတယ်။

"နင်... နင်ပြောတာက... နင် သူ့သမီးနဲ့တွေ့... ဟို.... သူက နင့်သမီးသာဆိုရင် နင် အဲ့ဒီကလေးနဲ့ တွေ့ခဲ့တယ်ပေါ့?" Seungyeon ပြောတော့ Jeongyeon ခေါင်းငြိမ့်လိုက်တယ်။

Don't Play with My HeartDonde viven las historias. Descúbrelo ahora