Chapter - 3

718 53 3
                                    

A/N: ဒီ fic ထဲမှာ Jeongyeon, Momo, Dahyun နဲ့ Tzuyu တို့က ယောက်ျားလေးတွေဖြစ်ပြီး Nayeon, Jihyo, Sana နဲ့ Mina တို့က မိန်းကလေးတွေဖြစ်တယ်။

Jihyo တစ်ယောက် ကျောင်းလျှောက်လမ်းမှာ Mina နဲ့အတူတူစကားပြောရင်းလျှောက်သွားနေရင်းနဲ့ music room နားရောက်တော့ ဂစ်တာတီးပြီး သီချင်းဆိုနေတဲ့အသံတစ်ခုကိုကြားလိုက်တယ်။ သူတို့ ၂ ယောက်စလုံး အဲ့ဒီအသံလေးမှာ နစ်မြောသွားပြီး အခန်းဝကနေသွားချောင်းကြည့်လိုက်တော့ အထဲကဆိုနေတဲ့သူကိုတွေ့ပြီး အံ့သြသွားတယ်။

🎶 ထူးဆန်းတယ်လို့ တွေးနေလည်းပဲ

ဘယ်လိုမှ မတတ်နိုင်ဘူး စွဲလမ်းသွားခဲ့ပြီမို့လို့

you're my heart shaker, shaker

လွတ်ထွက်သွားမှာ မကြိုက်ဘူး

you're my heart shaker, shaker

ဘယ်လိုလုပ်ရမလဲ

အရူးလိုမျိုး စောင့်မျှော်မနေဘူး

ငါက ပြောပြလိုက်မယ် စွဲမက်ငြိတွယ်သွားခဲ့ပြီလို့

မင်းလေးကို နှလုံးသားထဲမှာ သဘောကျနေတယ်လို့

တစ်နေ့လုံး တွေ့ချင်နေမိတယ်လို့

would you be my love

စွဲမက်ငြိတွယ်သွားခဲ့ပြီမို့လို့ 🎶

သီချင်းဆိုတဲ့ တစ်ပိုဒ်လည်းပြီးကော Jihyo နဲ့ Mina က လက်ခုတ်တီးပြီးဝင်လာတယ်။

"Yah! Im Nayeon, နင် ဒီလောက်သီချင်းဆိုကောင်းတာ ဘာလို့ငါတို့ကို မပြောပြတာလဲ?" Jihyo က ပြောရင်းနဲ့ Nayeon ဆီကို လျှောက်သွားလိုက်တယ်။

"အဲ့ဒီသီချင်းတစ်ခါမှမကြားဖူးဘူး။" Mina ပြောရင်း Nayeon ရှေ့ကစာရွက်ကလေးကိုလှမ်းယူပြီး "နင်ကိုယ်တိုင်ရေးထားတာလား?"

Nayeon က ခေါင်းငြိမ့်လိုက်တော့

Jihyo "wow!!! မိုက်တယ်။ yah, နင် ငါတို့ အဖွဲ့ထဲပါလိုက်တော့။ ငါတို့က ပြိုင်ပွဲတွေ မစခင်တို့ ခဏနားတဲ့အချိန်တို့မှာ အားပေးဖျော်ဖြေပေးတာ။ နင်ပါရင် ပိုကောင်းတယ်။"

"ဒါပေမယ့်... ငါ ဆိုတာမကောင်းရင်ဘယ်လိုလုပ်မလဲ? ပြီးတော့ ငါ့ကြောင့် နင်တို့အဖွဲ့ နာမည်ကျသွားနိုင်တယ်လေ..."

Don't Play with My HeartWhere stories live. Discover now