Chapter - 11

445 30 6
                                    

A/N: ဒီ fic ထဲမှာ Jeongyeon, Momo, Dahyun နဲ့ Tzuyu တို့က ယောက်ျားလေးတွေဖြစ်ပြီး Nayeon, Jihyo, Sana နဲ့ Mina တို့က မိန်းကလေးတွေဖြစ်တယ်။

တစ်ပတ်လောက်နေတော့ Nayeon လည်း ဆေးရုံက ဆင်းလာတယ်။ Nayeon အိမ်ရောက်တော့ maid တွေက Jeongyeon ဆီက ပစ္စည်းတွေအကုန်ယူပြီး Nayeon ကို တွဲမယ်လည်းလုပ်ကော

Jeongyeon "ရတယ် ကျွန်တော်တွဲခေါ်သွားပေးမယ်။"

ညနေစောင်းရောက်တော့ Taeyeon နဲ့ Jessica အိမ်ထဲကို အပြေးဝင်လာပြီး သူ့သမီးအခန်းကို သွားလိုက်ကြတယ်။ အခန်းထဲမှာ Nayeon က Jeongyeon လက်မောင်းကိုအုံးပြီးအိပ်နေတယ်။ Jeongyeon က Nayeon ရဲ့ မိဘတွေကို တွေ့တော့ သူ Nayeon ကို ဖွဖွလေးဖယ်လိုက်ပြီး ထပြီး နှုတ်ဆက်လိုက်တယ်။

Jessica "သမီးလေးဘယ်လိုနေသေးလဲ?"

Taeyeon "အပြင်ထွက်ပြောလိုက်ရအောင်။"

Jeongyeon ကလည်း ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြလိုက်တယ်။

Jessica က ငိုနေတော့ Taeyeon က ချော့ပေးနေတယ်။

Jeongyeon "ဒါတွေအားလုံး ကျွန်တော့်အပြစ်တွေပါ။ ကျွန်တော်တောင်းပန်ပါတယ်။"

Taeyeon "ဒါ မင်းအပြစ်တွေမဟုတ်ပါဘူး။ ငါ့ သမီးလေးကို အချိန်မှီကယ်နိုင်တာကို မင်းကို ကျေးဇူးတင်ရမှာ။"

သူတို့တွေ စကားခဏလောက်ပြောနေကြပြီး

Jeongyeon "အဲ့ဒါဆို ကျွန်တော်ပြန်လိုက်ပါအုံးမယ်။"

------

Jeongyeon လည်း ပြန်သွားပြီးကော Taeyeon နဲ့ Jessica က Nayeon အခန်းထဲကို သွားလိုက်တယ်။ သူတို့က အလုပ်ကိစ္စနဲ့ ခရီးဝေးရောက်နေပြီး ဘယ်လိုမှပြန်လာလို့မရဖြစ်နေကြတယ်လေ။

ညဘက် Jessica နဲ့ Taeyeon အိပ်နေတုန်း အသံကြားလို့ နိုးလာကြတယ်။ သူတို့လည်း သူတို့သမီးအခန်းထဲကို အပြေးသွားပြီး မီးဖွင်လိုက်တော့ Nayeon က အခန်းထောင့်လေးမှာ ဒူးကိုဖက်ပြီး ပုန်းနေတာကို တွေ့လိုက်တယ်။ Jessica နဲ့ Taeyeon လည်း သူတို့သမီးနားကို လျှောက်သွားကြတယ်။ Jessica က Nayeon ကို လှမ်းကိုင်လိုက်တော့ Nayeon က ထအော်ပြီး တွန်းထုတ်တယ်။ Jessica လည်း ငိုချင်ပေမယ့် အားတင်းပြီး သူ့သမီးလေးကို ဖက်လိုက်တယ်။ Nayeon ကတော့ သူ့ရင်ခွင်ထဲမှာ အတင်းတွန်းပြီး ရုန်းနေတယ်လေ။

Don't Play with My HeartWhere stories live. Discover now