Chapter 4

14K 1.5K 69
                                    

"Steakကအပြင်​အသားက​ကျတ်​ပြီး
အတွင်းအသားကပန်း​ရောင်​သန်း​နေတယ်
လုံးဝကိုစားဖို့အ​ကောင်းဆုံးအ​နေအထား
Dressingကလဲအသားထဲထိစိမ့်​​နေတာဘဲ
Arjumaကတကယ်​​တော်​တယ်​"

ညစာစား​နေရင်း Arjumaကို
ချီးမွမ်း​နေတဲ့ Kim Taeyongကို
သူလှမ်းကြည့်​​နေလိုက်​သည်​။
ဘာ​​တွေကြံ​နေမှန်းမသိ..
အရင်​က အရမ်းမိုက်​ရိုင်းတဲ့လူမျိုးက
အခုမှပုံစံ​တွေ​ပြောင်းလို့...

ဟိုက​တော့သူကြည့်​​နေတာကိုဂရုမစိုက်
သူ့ဘာသာသူညစာကိုလက်​စသတ်​​နေတယ်​..

"ညစာကတကယ်​စား​ကောင်းပါတယ်
ကျေးဇူးပါပဲ Arjuma...
အချိုပွဲ​ကတော့ မစားနိုင်​​တော့ဘူး
Jeon Jungkook shi
ကျ​နော်​စားပြီးသွားပြီမို့
အရင်​ထနှင့်​လိုက်​ပါမယ်​"

စကား​ပြောပုံနဲ့အပြုအမူ​တွေ​သာမက
စားပွဲ​ပေါ်က စားပြီးပါပြီဟု
အဓိပ္ပါယ်​နဲ့ချန်​ထားခဲ့သည့်
ခရင်းနဲ့ဓား​တွေကိုကြည့်​ရင်း
သူတအံတသြဖြစ်​​နေမိသည်​။
အရင်​ကTable manner​တွေကို
လှောင်​​ပြောင်​ပြီး အပို​တွေလို့​ပြောခဲ့တဲ့လူက
အခုဘယ်​လို​တွေဖြစ်​​နေတာလဲ...

Kim Taeyong ဟန်​​ဆောင်​​ကောင်းတာလား
ဒါမှမဟုတ်​ လူ​တွေအတိတ်​​မေ့ရင်
တခြားတစ်​​ယောက်​ပုံစံ
ပြောင်းသွားတတ်​လားဟု
သူ​တွေး​နေမိတယ်​။

သူသိတဲ့ Kim Taeyong က
ဒီလိုပုံမှမဟုတ်​တာ...
အတ္တကြီးပြီး တစ်​ကိုယ်​​ကောင်းဆန်​ကာ
သူ့အတွက်​သာသူသိတဲ့လူမျိုး။
စည်းကမ်း​တွေ သက်​မှတ်​ချက်​​တွေကို
သေ​အောင်​မုန်းပြီး ​ပျော်​သလို​နေတတ်​တဲ့
ယဉ်​​ကျေးတဲ့အပြုအမူ​တွေမရှိတဲ့
ခပ်​ရိုင်းရိုင်း​ကောင်​​လေး....
အခုမြင်​​နေရတာနဲ့တစ်​စက်​မှမတူ..

Kim Taeyongကို
သူအစ​ကချစ်ခဲ့​မိ​ပေမယ့်
အ​ခုအချိန်​မှာ​တော့
သူမမြင်​ချင်​​လောက်​​အောင်​ကိုမုန်းသည်​။
သူတို့နှစ်​​ယောက်​ကြားကဇာတ်​လမ်းကလဲ
ဘာအချစ်​မှမပါခဲ့
တကယ်ေ​တာ့စိတ်​ပျက်​စရာပင်​...

သူ့Collegeတက်​တုန်းက
Kim Taeyongကသူ့ရဲ့junior
မြင်​လိုက်​တာနဲ့
ကြွေဆင်းသွား​အောင်​​ချောတဲ့ရုပ်​ရည်​​ကြောင့်
ကျောင်းရဲ့လူဦးရည်​တစ်​၀က်​​လောက်​က
စိတ်​၀င်​စားတာခံရတဲ့သူ။
စာလိုက်​မလုပ်​ အ​ပျော်​အပါးမက်​ပြီး
ယောက်ျားမိန်းမအကုန်​တွဲတဲ့
ခပ်​ဆိုးဆိုး​ကောင်​​လေး....

Love is......❤ { COMPLETED }Where stories live. Discover now