Chapter 11

13.8K 1.4K 111
                                    

နာကျင်​မှုက ခန္ဓာကိုယ်​အနှံလွမ်းခြုံထားသည်
သူ​နောက်​ဆုံး သတိရမိတာက
သူHyungဆီကိုလိုက်​လာတယ်​..
ပြီး​တော့ Boseongက​နေတဆင့်
Hyungဆီကိုအသွားမှာ သူငှါးလာတဲ့ကားက
လမ်း​ချော်ြ​ပီး ​ချောက်​ထဲပြုတ်​ကျ သွားတယ်​...။

မျက်​လုံးကို ဖွင့်​ကြည့်​​တော့
စူးရှ​နေတဲ့အလင်း​ရောင်​​ကြောင့်
သူအသာပြန်​မှိတ်​လိုက်​ရသည်​....။
ရုတ်​တရက်​ နှာ​ခေါင်းထဲ ၀င်​လာတာက
ပိုးသပ်​​ဆေးအနံ့​တွေ....
သေချာစဉ်းစားကြည့်​ရင်းမှ
ဆေးရုံ​ပေါ်​ရောက်​​နေတာ
ဖြစ်ေ​လာက်တယ်​​ဆိုတာကို
သူ​တွေးမိသွားတယ်​....။

အဲ့ဒါဆို သူမ​သေ​သေးဘူးဘဲ....

မျက်​လုံး​တွေ ​သေချာဖွင့်​ကြည့်​လိုက်​ချိန်​မှာ
သူ့ကိုစိုးရိမ်​တစ်​ကြီးနဲ့ကြည့်​​နေတဲ့
မျက်​နှာတစ်​ခု...။
သူ့ကိုမယုံနိုင်​သလိုကြည့်​ရင်း
ပြီး​​တော့မှအရမ်း​ပျော်​သွားတဲ့ပုံနဲ့
အသဲအသန်​​တွေ​မေးသည်​..။

"သတိရလာပြီလားး....​တော်​​သေးတယ်​...
တကယ်​ တော်​​သေးတယ်​...ကျေးဇူးပါ..
ဘာမှဆိုးဆိုးဝါးဝါးမဖြစ်​​သွားပေးလို့
တကယ်​​ကျေးဇူးပါ...."

ဟိုလူက ဗလုံးဗထွေး​တွေ​ရေရွတ်​ရင်း
သူ့ရင်​ဘက်​​ပေါ် မျက်​နှာအပ်​ကာ
ရှိုတ်​ငို​​နေတယ်​...
ဘယ်သူလဲ????...ဘာ​တွေလဲ???...
ရုတ်​တရက်​ ​နေရခက်​လာတာ​ကြောင့်
သူအသာတွန်းဖယ်​မိသွားသည်​...။

"Sorry...Sorry..နာသွားတာလား...
ဟုတ်​သားဘဲ ​မေ့​နေတာ
ကိုယ်​ ဆရာဝန်​သွား​ခေါ်လိုက်​ဦးမယ်
ခဏ​စောင့်​​နေဦး​နော်​...."

သူ့ကိုယ်​​ပေါ်ကဖယ်​ကာ
အခန်းထဲကအ​ပြေးအလွားထွက်​သွားသည့်
ဟိုလူ ​နောက်​​ကျောကိုကြည့်​ပြီး
သူဇ​ဝေဇ၀ါ ဖြစ်​​နေမိသည်​...။

ခဏ​နေ​တော့ ဆရာဝန်​အချို့ရယ်
သူနာပြု ​တွေရယ်​နဲ့ အတူ
ဟိုလူပြန်​​ရောက်​လာတယ်​..။
လိုအပ်​တာ​တွေစမ်းသပ်​ပြီး​တော့
ဆရာဝန်​​မေးလာတဲ့
မေးခွန်း​တွေကို သူ​လျော​လျောလျူလျူ ဘဲ
ဖြေ​ပေးလိုက်​သည်​.....။

အခန်းထဲက တစ်​ခြားလူ​တွေ
အကုန်​ပြန်​ထွက်​သွား​တော့
သူရယ်​ ဟိုလူရယ်​ဘဲကျန်​ခဲ့သည်​..။
သူ့ကို​ပျောက်​ကွယ်​သွားမှာစိုးတဲ့အတိုင်း
ကြည့်​​နေတဲ့ဟိုလူ​ကြောင့်
သူအ​နေခက်​စွာနဲ့ ​မေးလိုက်​မိတယ်​...။

Love is......❤ { COMPLETED }Where stories live. Discover now