"ခြေထောက်က ဘာမှမဖြစ်တော့ပါဘူး
အခုလိုတကူးတက လာမေးပေးတာ
တကယ်ကျေးဇူးတင်ပါတယ်....
ကျနော်လဲ Jeon Jungkook shiကို
ဒုက္ခပေးတာတော်တော်များနေပြီ...
တကယ်ကိုအားနာရပါတယ်..."ဆွယ်တာအင်္ကျီအနီလေးဝတ်ထားတော့
ပါးပြင်လေးတွေက အရောင်ဟပ်ကာ
အနီရောင်ဖျော့ဖျော့လေး ပြေးနေတယ်...။
မျက်လွာချထားကာ စကားကို
တစ်လုံးချင်းသေချာပြောနေတဲ့ ကောင်လေးကို
သူအတင်းပွေ့ဖက်နမ်းရှိုက်လိုက်ချင်တဲ့စိတ်ကို
မနည်းချုပ်တည်းထားရသည်....။ဒီလိုစကားပြောပုံလေးတွေ
ဒီလို အမူအရာလေးတွေကို
သူဘယ်လောက်လွမ်းခဲ့ရတာလဲ....."ကိစ္စမရှိပါဘူး ကိုယ်လဲ
ဒီနေ့ဘဲ Boseongကိုပြန်တော့မှာ
မပြန်ခင်လဲ မင်းကိုနှုတ်ဆက်ရအောင်လို့ပါ..."သူ့စကားအဆုံးမှာ
ကောင်လေး မျက်နှာညိုးသွားသည်...
ဒါပေမယ့် ဘာမှမဖြစ်သလို ချက်ချင်းကို
အတင်းပြန်ဟန်ဆောင်တယ်....။ကလေးရယ်....
ဦးနှောက်က မမှတ်မိပေမယ့်
မင်းနှလုံးသားကို မင်းညာလို့မရပါဘူး..စူးစိုက်ကြည့်နေ့တဲ့သူနဲ့
မျက်လွာချထားရင်း
အင်္ကျီအောက်နားစကို လက်နဲ့ဖိချေနေတဲ့
ကောင်လေးကြားမှာ ပြောစရာစကားက
သိပ်မရှိသလိုပင်...။
ခဏနေတော့
အသစ်လဲထိုးထားတဲ့ ပန်းအိုးတွေကို
Maidတွေကဧည့်ခန်းဆီကို သယ်လာတယ်
ပန်းအိုးထဲက ပန်းတွေကိုတွေ့တော့
ကောင်လေးက တအံတသြရုပ်လေး
ဖြစ်သွားသည်...။"ဟင်...Chamomileတွေ...
တနင်္လာနေ့ဆို Carnationတွေ
ထိုးတာမဟုတ်လား..
ဒီနေ့ကဘာဖြစ်လို့လဲ....""Chamomileတွေက ကိုယ်ယူလာခဲ့တာ...
အိမ်မှာနေမကောင်းတဲ့သူ ရှိရင်
Chamomileက ပိုအဆင်ပြေတယ်လေ..
Chamomieအနံ့က အနာသက်သာစေပြီး
Stressလျော့စေတယ်မဟုတ်လား......"Maidတွေမဖြေခင်မှာဘဲ သူဖြေလိုက်တော့
သူ့ကို တအံတသြပြူးကြည့်သည်...။
ပြီးတော့မှ အိမ်မက်မက်နေသူပုံစံမျိုးနဲ့
ကြောင်တောင်တောင်လေး ခေါင်းငြိမ့်ပြတယ်...။
VOCÊ ESTÁ LENDO
Love is......❤ { COMPLETED }
FanficSometimes,love isn't always rainbow and butterflies