"အပြင်ဘက်က ဒဏ်ရာတွေကတော့
အားလုံးကောင်းနေပါပြီ
အရင်ထဲကပွန်းရာပဲ့ရာလောက်ဘဲရှိတာပါ
ဘာမှမမှတ်မိဘူးဆိုတာကတော့
ခေါင်းကိုထိခိုက်မိထားတဲ့လူနာတွေမှာ
ခဏအတိက်မေ့နေတာမျိုးကဖြစ်တတ်ပါတယ်
အချိန်အတိုင်းအတာ တစ်ခုရောက်ရင်ဖြစ်ဖြစ်
တိုက်ဆိုင်တာတွေများလာရင်ဖြစ်ဖြစ်
အရင်ကဟာတွေ အကုန်ပြန်မှတ်မိလာမှာပါ
ဘာမှစိုးရိမ်စရာတော့မရှိပါဘူး"ဆရာဝန်ကြီးက စိတ်ရှည်လက်ရှည်ရှင်းပြပြီး
ဆေးအိတ်ကိုသိမ်းကာ ပြန်ဖို့ပြင်တယ်။
သူ့ကိုစမ်းသက်နေစဉ်တစ်လျောက်လုံး
Jungkookစူးစိုက်ကြည့်နေပေမယ့်
သူမသိချင်ယောင်ဆောင်ကာ
ခေါင်းကိုသာငုံ့ထားနေလိုက်တယ်။ဒီအိမ်ကြီးကိုသူအခုထိသိပ်မရင်းနှီးသေးသလို
Jeon Jungkookကိုလဲ
သူ့ယောက်ျားလို့သူခံစားလို့မရ..
သူ့ကိုမုန်းတီးနေတဲ့
သူစိမ်းလို့သာသူခံစားရသည်။
တကယ်ဆို သူဒီအိမ်မှာ
jungkookနဲ့စဆုံပြီးကတည်းက
Jungkookကိုမြင်တိုင်းလန့်ကာ
ခြေဖျားလက်ဖျားတွေတုန်လာသည်
အကြည့်စူးစူးတွေကို သူရင်မဆိုင်ရဲ
ဆရာဝန်ကိုပြန်ပို့ဖို့
Jungkookအခန်းထဲက
လိုက်ထွက်သွားတော့မှသာ
သူသက်ပြင်းချကာအသက်၀၀ရှုရဲတော့တယ်။သူဒီအိမ်ရောက်နေတာ တစ်ပတ်ရှိပြီ
ဒီတစ်ပတ်အတွင်းjungkookနဲ့
ထိပ်တိုက်မဆုံမိအောင်
သူအသဲအသန်ရှောင်နေမိသည်။
အခုမှသာဒုတိယအကြိမ်
မျက်နှာချင်းဆိုင်ထပ်ဆုံတာ...ဒီအတောအတွင်းလဲ
သူဘာမှထူးထူးခြားခြားမမှတ်မိလာသလို
သတိလဲမရလာ...
Arjumaကိုမေးကြည့်ရင်းမှ
သူ့အကြောင်းရော
ဒီအိမ်ကြီးနဲ့jungkookအကြောင်းတွေပါ
သူတဖြည်းဖြည်းသိလာရတာ။ပြတင်းပေါက်ကနေမြင်နေရတဲ့
မျက်ခင်းပြင်ကြီးကို သူငေးနေမိတယ်။
ကျယ်ဝန်းလှသောခြံကြီးထဲ
ခြံတခါးဂိတ်ဝရောက်ဖို့တောင်
မိနစ်နှစ်ဆယ်လောက်လှမ်းလျောက်ရသည်။
ဘေးပတ်လည်မှာလဲဝါးရုံတောတွေနဲ့
ရေကူးကန်တွေ....
အနောက်ဘက်မှာကတောအုပ်သာရှိသည်
အိမ်ကြီးကတစ်သီးတစ်ခြားဖြစ်နေကာ
Boseong မြို့ထဲနဲ့တောင်မှ
တော်တော်လှမ်းသေးသည်။
အနားပတ်ဝန်းကျင်မှာ သစ်တောတွေနဲ့
လက်ဖက်ခင်းတွေသာရှိသည်...။
VOUS LISEZ
Love is......❤ { COMPLETED }
FanfictionSometimes,love isn't always rainbow and butterflies