သူမနက်စာစားဖို့အောက်ဆင်းလာတော့
အောက်ထပ်ဧည့်ခန်းမှာ လူရှုပ်နေသည်။
ဒီနေ့Jungkookမိတ်ဆွေ
ဧည့်သည်တွေရောက်လာမှာမို့လို့
ပန်းချီကားအသစ်လဲနေသူတွေ
ကောဇောနဲ့လိုက်ကာအသစ်လဲနေသူတွေ
ပန်းအိုးအသစ်ပြင်ထိုးနေသူတွေနဲ့
အိမ်က ရှုတ်ရှက်ခက်နေသည်။သူ့ကိုမြင်တိုင်းခေါင်းငုံ့သွားကြတဲ့
အလုပ်သမားတွေကိုမသိချင်ယောင်ဆောင်ကာ
ထမင်းစားခန်းဆီကိုသူလာလိုက်သည်။
Arjumaပြင်ပေးတဲ့မနက်စာကိုစားနေရင်းနဲ့
ဧည့်ခန်းက၀ုန်းကနဲအသံနဲ့အတူ
အော်သံတွေပါကြားတာကြောင့်
ဘာဖြစ်လို့လဲဆိုတာကို
သူထွက်ကြည့်လိုက်တယ်။သူထမင်းစားခန်းကထွက်လာတာကိုမြင်တာနဲ့
အပ်ကျသံမကြားအောင်
တိတ်ဆိတ်သွားတဲ့ဧည့်ခန်း..
ခုနကဆူညံပွတ်လောရိုက်နေတဲ့ဧည့်ခန်းက
သူ့ကိုမြင်တာနဲ့မီးကိုရေနဲ့ဖျန်းလိုက်သလို
ရုတ်ချည်းငြိမ်ကျသွားတယ်။သူကြည့်လိုက်တော့
ဧည့်ခန်းအလည်ကပန်းချီကားကြီးကို
အလုပ်သမားတွေဖြုတ်ရင်းရွေ့ရင်းနဲ့
ကျကွဲသွားတဲ့ပုံပင်
တန်ဖိုးကြီးရှေးဟောင်းလက်ရာမို့
နှမြောမိပေမယ့် ပန်းချီကားကိုထားကာ
ခြေထောက်ထိသွားတဲ့အလုပ်သမားဆီကိုသာ
သူဦးတည်သွားလိုက်သည်။မျက်လုံးအပြူးသားနဲ့သူ့ကိုဝိုင်းကြည့်နေတဲ့
အလုပ်သမားတွေကြောင့်
သူ့စိတ်ထဲတစ်မျိုးဖြစ်သွားပေမယ့်
သူဒီအတိုင်းသာထားလိုက်သည်။ဒါပေမယ့်
ဒဏ်ရာရသွားတဲ့တစ်ယောက်ကို
သူဘာမှမမေးခင်မှာဘဲထွက်လာတဲ့
တောင်းပန်စကား..."သခင်လေး.....တောင်း..တောင်းပန်ပါတယ်
ကျနော်တမင်လုပ်တာမဟုတ်ပါဘူး
မတော်တဆဖြစ်တာပါ...
အပြစ်လျော့ပေါ့ပေးပါ..""ဟုတ်ပါတယ် သခင်လေးရယ်
သက်ညှာပေးပါ..."ဒဏ်ရာရတဲ့လူသာမက
တစ်ခြားလူတွေကပါသူ့ကိုပြာပြာသလဲ
အရင်တောင်းပန်နေတာမြင်တော့
သူအံသြသွားသည်။
![](https://img.wattpad.com/cover/160922560-288-k10560.jpg)
ESTÁS LEYENDO
Love is......❤ { COMPLETED }
FanficSometimes,love isn't always rainbow and butterflies