"အား....ကျွတ်..ကျွတ်..
ငါဘယ်ရောက်နေတာလဲ...."တစ်စစ်စစ်ကိုက်ခဲနေတဲ့ခေါင်းကိုဖိရင်း
အိပ်ယာကနေ သူအသာထလိုက်တယ်....။
သူဘယ်ရောက်နေမှန်းသူမသိ
ဘေးပတ်လည်ကိုလိုက်ကြည့်မိတော့
သူရောက်နေတာကအခန်းကျယ်တစ်ခု...။အခန်းတစ်ခုလုံးကို
တန်ဖိုးကြီး ပန်းချီကားများ
ရှေးဟောင်းပစွည်းများနဲ့အလှဆင်ထားတယ်။
၁၉ရာစုပုံစံအပြင်အဆင်မျိုး...
အခန်းတွင်းထွန်းထားတဲ့
ဝါကျင့်ကျင့်မီးလုံးကြောင့်
အလင်းရောင်ကောင်းကောင်းမရပေမယ့်
အခန်းပတ်ဝန်းကျင်ကိုတော့
ရှင်းရှင်းလင်းလင်း မြင်ရတယ်...။အခန်းတံခါးပေါက်ကိုဖွင့်ရင်း
သူအပြင်ထွက်ခဲ့လိုက်သည်။
သူဘယ်ရောက်နေတာလဲ...
အခန်းခန်းအဆောင်ဆောင်များ
ရှေးဟောင်းပန်းချီကားများနဲ့ပြည့်နေတဲ့
လျောက်လမ်းအတိုင်းသူလျောက်လာပေမယ့်
လူတစ်ယောက်မှမတွေ့...။
လမ်းအတိုင်းဆက်လျောက်လာရင်း
ကြောင်လိမ်လှေကားတစ်ခုကိုတွေ့တာနဲ့
သူအောက်ဆင်းလာလိုက်တယ်။
လှေကားဆုံးတော့သူရောက်လာတာ
ဧည့်ခန်းကျယ်တစ်ခု...
ဧည့်ခန်းအလည်က ဆိုဖာပေါ်မှာ
အမျိုးသမီးတစ်ယောက်ထိုင်နေပြီး
ပန်းအိုးထိုးနေတယ်...။"သြော်..Taeနိုးလာပြီလား"
သူကိုမြင်တော့ အမျိုးသမီးကြီးက
အပြုံးနဲ့နှုတ်ဆက်တယ်..
ထို အမျိုးသမီးကိုကြည့်ရင်း
သူ့စိတ်ထဲဇဝေဇ၀ါဖြစ်ပြီးခေါင်းမူးလာသည်။
ဒီအမျိုးသမီးကို သူမသိ
ဘယ်သူလဲ.....???
ခုနက သူ့ကိုTaeလို့ခေါ်လိုက်တာလား...???
Taeကဘယ်သူလဲ...???
သူကရော?????
သူကဘယ်သူလဲ...???
ဘုရားရေ....ပိုဆိုးတာက
သူုကိုသူတောင်ဘယ်သူလဲ
သူမမှတ်မိတော့.....။"ကျနော်...ကျနော်ဘယ်ရောက်နေတာလဲ
ပြီးတော့..ပြီးတော့...ကျနော်ကရောဘယ်သူလဲ
Arjumaကရောဘယ်သူလဲ"
ESTÁS LEYENDO
Love is......❤ { COMPLETED }
FanficSometimes,love isn't always rainbow and butterflies