Chapter 5

14.3K 1.5K 86
                                    

"ရိုးရိုးအ​ဆုတ်​အ​အေးမိပြီးဖျားတာပါဘဲ
စိုးရိမ်​စရာ​တော့မရှိပါဘူး
အရင်​ထဲက ကိုယ်​ခံအားနည်း​နေတဲ့အခံလဲ
ရှိ​နေတယ်​ အဟာရရှိတာ​တွေ​ကျွေးပြီး
သေချာအနားယူခိုင်းပါ
ဒီအ​တောအတွင်း စိတ်​ပင်​ပန်းလူပင်​ပန်း
ဖြစ်​မယ့်​ဟာမျိုး​တွေ​တော့
တတ်​နိုင်​သ​လောက်​​​ရှောင်​​ပေါ့
ဆေးတစ်​ပတ်​စာ​ပေးခဲ့ပါမယ်
ဆေးပတ်​လည်​​အောင်​​တော့ ​သောက်​​ပေးပါ"

ဆရာဝန်​​ပြောသမျှကို
မျက်​လုံးအ၀ိုင်းသားနဲ့ ​သေချာနား​ထောင်​​နေတဲ့
Kim Taeyongကို
သူအသည်း​ယားစွာကြည့်​​နေမိသည်​။
ရေနစ်​တာက Kim Taeyong
ရေနစ်​တဲ့Kim Taeyong ကို
ဂရုစိုက်​​နေရတာနဲ့ဘဲ
အ၀တ်​စို​တွေချက်​ချင်းမလဲဖြစ်​ကာ
အ​အေးမိပြီးဖျားတာကသူ....။

ဆရာဝန်​ကိုပြန်​လိုက်​ပို့ဖို့ထွက်​သွားတဲ့
Kim Taeyong ​နောက်​​ကျောကိုကြည့်​ပြီး
သူစိတ်​ပျက်​လက်​ပျက်​ သက်​ပျင်းချလိုက်​သည်​။
ဒီတစ်​ပတ်​အတွင်း ဒီဟာ​လေးနဲ့
ခဏခဏ​တွေ့​နေရ​တော့မှာဘဲ....

Arjumaက သူ့တူမက​လေး​မွေးတာ​ကြောင့်
Boseongကို တစ်​ပတ်​​လောက်​သွား​နေမလို့
မ​နေ့ထဲကသူ့ကိုခွင့်​​တောင်းထားသည်
သူလဲခွင့်​​ပြုပြီးပြီ..
မ​နေ့က​သာမာန်နှာစီး​ချောင်းဆိုး​လောက်​သာ​မို့
သူအမှုမဲ့အမှတ်​မဲ့သာ​နေလို်​က်​သည်​။

ဒါ​ပေမယ့်
ဒီမနက်​ကျ​တော့ ပိုဆိုးလာသည်​။
သူ​နေသိပ်​မ​ကောင်းတာမြင်​​တော့Arjumaက
မသွား​တော့ဘူးလုပ်​​နေ​ပေမယ့်
သူက အဆင်​​ပြေတယ်​ဆိုပြီး
အတင်းသွားခိုင်းလိုက်​တာ..
မနက်​ပိုင်းတုန်းက ​ကိုယ်​နည်းနည်းပူကာ
ခေါင်းကိုက်​ရုံဖြစ်​​ပေမယ့်
နေ့လည်​ဘက်​မှာ အဖျားပိုတတ်​လာပြီး
ဆရာဝန်​​ခေါ်ရတဲ့ထိ​နေမ​ကောင်ြး​ဖစ်​မယ်​လို့
သူမထင်​မိခဲ့.....။

အခု​တော့ သူ့​အ​ခြေအ​နေက
ဘာမှကိုမလုပ်​နိုင်​...
သရဲဝင်​ပူးသလို
တစ်​ခြားတစ်​​ယော​က်​ပုံစံ​​ပြောင်း​နေတဲ့
ဟိုအ​ကောင်​​ပေါက်​စကသာ
သူ့ကိစ္စ​တွေအားလုံးကို လိုက်​လုပ်​​ပေး​နေရသည်​။

Love is......❤ { COMPLETED }Onde histórias criam vida. Descubra agora