Chapter 8

15K 1.6K 71
                                    

"Jungkook shi..ဟို​ရှေ့နားက
အပင်​​အောက်​မှာခဏနားရ​အောင်​​နော်
ကျ​နော်​ဆက်​မ​လျောက်​နိုင်​​တော့ဘူး"

အ​နောက်​က​အော်​သံ​သေး​သေး​လေး​ကြောင့်
လျောက်​​နေဆဲ​​ခြေလှမ်း​တွေရပ်​ပြီး
သူပြန်​လှည့်​ကြည့်​​လိုက်​သည်​။
သူ့အနောက်​​တော်​​တော်​အကွာမှာ​တော့
ဟို​ကောင်​​သေး​လေးက ​ချွေး​တွေထွက်​ကာ
ဟောဟဲလိုက်​ပြီး သူ့ကိုမှီ​အောင်
မနည်း​ပြေးလိုက်​လာ​တယ်​။

ဒီဟာ​လေး...​​တော်​​တော်​ဒုက္ခ​ပေးတယ်​..
တောင်​တတ်​ပြီး​ပျော်​ပွဲစားထွက်​ချင်​တာလဲ
သူ့အပြင်​မရှိ...
အခုကျ​တော့လဲ အ​မောကမခံနိုင်​ပြန်​ဘူး....

သူ့မှာအလုပ်​ကတစ်​ရက်​​လေးနားမိပါတယ်
အိမ်မှာ​​အေး​အေး​ဆေး​ဆေး​နေဖို့ ​နေ​နေသာသာ
အပင်ပန်း​ခံကာ ​တောင်​တက်​လာရပြီး
က​လေးပါလိုက်​ထိန်း​နေရသလိုပင်​...

ဒီမနက် ​မနက်​စာအတူစား​နေတုန်းမှာ
ဟိုပိစိ​က မျက်​​တောင်​ပုတ်​ခက်​ပုတ်​ခက်​လုပ်​ရင်း
တစ်​ချိန်​လုံးသူ့ကိုခိုးကြည့်​​နေ​သည်​။
သူကြည့်​လိုက်​ရင်
မသိသလိုပြန်​​နေလိုက်​ပြန်​​ရော..
ကြည့်​ရင်း ကြည့်​ရင်းနဲ့
တော်​​တော်​ အသည်းယားလာသဖြင့်
မ​နေနိုင်​လို့ သူ​မေးကြည့်​​တော့မှ
အနားက ​တော​​င်​ပေါ်ဆီကို
ပျော်​ပွဲစားထွက်​ချင်​တယ်​ဆိုပြီး
မျက်​နှာငယ်​နဲ့တိုးတိုး​လေး​ပြောတယ်​...။

Arjuma ကပါကူ​ပြော​ပေး​နေ​တော့
သူမ​နေနိုင်​​တော့...
လိုက်​ပို့​ပေးမယ်​လို့​လဲပြောလိုက်​​ရော
ချက်​ချင်း ​ပျော်​တတ်​သွားတဲ့မျက်​နှာ​လေး...
Arjumaနဲ့အတူနှစ်​​ယောက်သား
စားစရာ​​တွေပြင်​ပြီး အားလုံးပြီးတဲ့အချိန်​မှာ
သူ့ကိုလာ​ခေါ်​တော့ သူမသွားချင်​​ပေမယ့်​လဲ
လိုက်​လာ​ပေးလိုက်​ရသည်​..။

တောင်​​ပေါ်စတက်​​တော့
ဟိုပိစိက အစပိုင်းကတတ်​ကြွ​နေ​ပေမယ့်
လမ်းတစ်​၀က်​​တောင်​မကျိုးသေးခင်
ခြေလှမ်း​တွေက ​နှေးလာသည်​။
သူ့မှာစိတ်​ကို ရှည်​ရှည်​ဆွဲဆန့်​ထားရပြီး
အ​သေး​ကောင်​ကို ​ခဏခဏစောင့်​​နေရတယ်​...

Love is......❤ { COMPLETED }Donde viven las historias. Descúbrelo ahora