Chapter 7

15.1K 1.6K 61
                                    

ရေ​နွေး​နွေးနဲ့ချိုးကာ​ဆေး​သောက်​ထား​ပေမယ့်
နာကျင်​မှုက မသက်​သာ...
ခြေလှမ်း​တစ်​လှမ်း​လျောက်​လိုက်​တိုင်းကို
လူကယိုင်​နဲ့ကာ ခါး​အောက်​ပိုင်းက
စူး​အောင့်​​နေတယ်​။
နိုးနိုးချင်းJeon Jungkookကို
မျက်​နှာချင်းဆိုင်​ရမှာ ရှက်​လွန်းလို့သာ
အားတင်းပြီး အခန်းဆီကိုမနည်းပြန်​လာရတာ
တကယ်​​တော့ သူမတ်​တပ်​​တောင်
ကောင်း​ကောင်းမရပ်​နိုင်​​တော့.....။

မနက်​စာလဲမပြင်​​ပေးနိုင်​သလို
စားလဲမစားချင်​​....
Arjumaကဒီမနက်​ပြန်​လာမှာမို့လို့
Jeon Jungkook အတွက်​ကို​လဲ
သူစိတ်​ပူစရာမလို​တော့...

အိပ်​ယာ​ပေါ်လှဲရင်း​စောင်​ကို​ခေါင်းမြီးခြုံကာ
သူမျက်​ရည်​ကျမိတယ်​....။
မ​နေ့ညက တိမ်းမူးဖွယ်​ရာများသည်
သူ့အတွက်​ ရင်​ခုန်​လှိုက်​​မောမှု​တွေနဲ့
ခံစားချက်​အသစ်​​တွေဖြစ်​​ပေမယ့်
တခြားတစ်​​ယောက်​အတွက်​​တော့
လိုအင်​ဆန္ဒတစ်​ခုသာ..

မုန်းတီးမှုအပြည့်​နဲ့ ကိုယ့်​ကိုအမြဲကြည့်​တတ်​တဲ့
အကြည့်​စူးစူး​တွေကိုမှ ဘာ​ကြောင့်
ရင်​ခုန်​မိ​နေရတာလဲ...။

.....................................................................

"Tae​လေး ​နေမ​ကောင်းဘူးလားမသိဘူး
မနက်​စာလဲ ဆင်းမစားဘူး​"

သူမနက်​စာစား​နေတုန်း Arjumaရဲ့
စကား​ကြောင့်​ သူစိတ်​ထဲထိတ်​ခနဲဖြစ်​သွားသည်​။
သူနိုး​တော့ ​တော်​​တော်​​နောက်​ကျ​နေပြီ
Arjumaပြင်​​ပေးတဲ့မနက်​စာကိုစားရင်း
ဟို​ကောင်​​လေးစားပြီးသွားပြီလို့ဘဲထင်​​နေတာ...

"Arjumaလုပ်​စရာရှိတာ ဆက်​လုပ်​​နေပါ
ကျ​နော်​ဘဲ သွားကြည့်​လိုက်​ပါမယ်​"

မနက်​စာကိုလက်​စသတ်​ပြီး အ​ပေါ်ထပ်​ကို
သူခပ်​သွက်​သွက်​တတ်​လာလိုက်​တယ်​...။
မ​နေ့ညက သူအရမ်းလွန်​သွားတယ်​ထင်​တယ်
ပထမဆုံးအကြိမ်​မှန်းသိရက်
ပိုဂရုစိုက်​ခဲ့သင့်​တာ..
ကောင်​​လေးလို နုနုနယ်​နယ်​က
အဲ့​လောက်​ကြမ်းတမ်းမှုမျိုးကို
ခံနိုင်​ရည်​ရှိ​မှာမဟုတ်​ဘူး...

Love is......❤ { COMPLETED }Where stories live. Discover now