"Boseongမှာ ကော်ဖီတစ်ခွက်သောက်ရဖို့ကို
ငါ့ရုံးခန်းထဲမှာ တစ်မနက်လုံး
ထိုင်စောင့်နေနိုင်တယ်
မင်းကိုတော့ တကယ်အံသြပါတယ်..."သူ့ရှေ့ကလူကြီးက
ရုပ်တည်ကြီးနဲ့ ဆူနေပေမယ့်လဲ
မျက်လုံးတွေကတော့ ပြုံးနေတယ်။
အလကား...အပိုတွေ...
တကယ် ဆူချင်တာလဲမဟုတ်ဘဲနဲ့..
စိတ်ထဲကသာကြိတ်ပြောပြီး လူကတော့
လက်ထဲကကော်ဖီကို အသာသောက်ရင်း
သူမသိချင်ယောင်ဆောင်ကာနေလိုက်သည်...။အိမ်မှာနေရတာပျင်းလာတော့ ဒီမနက်
ဟိုလူကြီးအလုပ်ကိုသူကပ်လိုက်လာခဲ့သည်။
အစပိုင်းတော့ ဟိုလူကြီးက
မလိုက်လာနဲ့ဆိုပြီးအတင်းငြင်းနေပေမယ့်
သူအတင်းအကြပ်ပြောကာငြိမ်ငြိမ်နေပါမယ်ဟု
ကတိအထပ်ထပ်ပေးတော့မှ
မတက်သာလို့ခေါ်လာရပုံနဲ့ သူ့ကိုခေါ်လာတယ်။ဒီမနက် Boseongကစက်ရုံဆီကိုသွားတော့
လမ်းတစ်လျောက်လုံး ရှုခင်းတွေကိုငေးရင်း
သူငြိမ်ငြိမ်သာထိုင်လိုက်လာခဲ့သည်...။
Boseong မြို့ထဲမရောက်ခင်လေးမှာတော့
ပန်းတွေအပြည့်စိုက်ထားတဲ့ခြံလေးတစ်ခြံ..
ဘာလဲလို့သူမေးကြည့်တော့ Jungkookက
ကော်ဖီဆိုင်လို့သာ တစ်ခွန်းထဲဖြေတယ်။သူစိတ်ဝင်စားလို့ဆက်မေးကြည့်ပေးမယ့်လဲ
နောက်ထပ်ဘာမှထပ်မေးလို့မရ....
သွားချင်တယ်လို့ပြောမိတော့
ဟိုလူကြီးက လိုက်မပို့ဘူးနိုင်ဘူး
ရှုပ်ကိုရှုပ်တယ်ဆိုပြီး မျက်မှောင်ကြုတ်နေတယ်..။
သူလဲJungkookရုပ်တည်ကြီးကို ကြည့်ပြီး
ထပ်မပြောရဲတော့ ငြိမ်နေလိုက်ရသည်...။တစ်မနက်လုံးဟိုလူကြီးက အလုပ်များနေကာ
သူ့ကိုလဲအာရုံမစိုက်အား...
သူလဲစာဖတ်ရင်း ပျင်းလိမ်ရင်းသာ
ထိုင်စောင့်နေလိုက်ရသည်။
နေ့လည်လောက်ကျမှ
အလုပ်တွေအကုန်ပြီးသွားကာ
အိမ်ပြန်မယ်ဆိုပြီးထပြန်လာရတာ...ဒါပေမယ် ဘာစိတ်ကူးပေါက်သွားလို့လဲမသိ
အိမ်မပြန်ခင်မှာ သူသွားချင်သည့်
နေရာဆီကိုခေါ်လာတယ်..။
သူက၀မ်းသာအားရဖြစ်နေပေမယ့်
Jungkookကတော့ ခပ်တည်တည်ပင်....
KAMU SEDANG MEMBACA
Love is......❤ { COMPLETED }
Fiksi PenggemarSometimes,love isn't always rainbow and butterflies